သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို လက်တုံ့ပြန်ဖို့ စဉ်းစားနေတဲ့ အစ္စရေးဝန်ကြီးချုပ်နဲ့ သမ္မတ Biden ဆက်သွယ်စကားပြော


အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ရာဟု (ယာ)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (ဝဲ) နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နာတန်ရာဟု (ယာ)

အစ္စရေးက အီရန်ရဲ့ မကြာသေးခင်က မစ်ဇိုင်းဒုံးတိုက်ခိုက်မှုတွေအတွက် တုံ့ပြန်ဖို့စဉ်းစားနေသလို ဂါဇာနဲ့ လက်ဘနွန်မှာ ဆက်လက်ထိုးစစ်ဆင်နေချိန်မှာပဲ ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ တယ်လီဖုံး ဆက်သွယ် ပြောကြားခဲ့ပါတယ်။

ဒီဖုံးဆက်သွယ်ပြောဆိုမှုဟာ သြဂုတ်လ ၂၁ ရက်က စပြီး ပထမဆုံးအကြိမ်ဖြစ်ပြီး ဒုသမ္မတ Kamala Harris ပါ ဝင်ရောက်ပြောဆိုတယ်လို့ သမ္မတအိမ်ဖြူက ပြောပါတယ်။ အီရန်က အောက်တိုဘာ ၁ ရက်နေ့မှာ အစ္စရေးကို ပဲ့ထိန်းတပ်ဒုံးကျည် အလုံး ၂၀၀ လောက်နဲ့ ပစ်ခတ်ခဲ့တာအတွက် ဘယ်လို တုံ့ပြန်ရမယ်ဆိုတာကို အစ္စရေးဝန်ကြီးချုပ်က စဉ်းစားနေတာပါ။

သမ္မတဘိုင်ဒန်ကတော့ အီရန်ရဲ့ နျူကလီယား ဓါတ်ပေါင်းဖိုနေရာတွေကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှာကိုထောက်ခံမှာ မဟုတ်ကြောင်း ပြောပါတယ်။ တချိန်တည်းမှာပဲ ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဒါဟာ ဂါဇာအလယ်ပိုင်းက နူစရတ် နဲ့ Bureij ဒုက္ခသည် စခန်းတွေနဲ့ ဂါဇာမြောက်ပိုင်းက ဂျဘာ လီယာဒုက္ခသည် စခန်းတွေကို ထိမှန်ခဲ့တာပါ။

အစ္စရေး စစ်တပ်ကတော့ ဒီဗုဒ္ဓဟူးနေ့တိုက်ခိုက်မှုဟာ ဂါဇာက ဟာမတ်စ် စစ်သွေးကြွတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း ပြောပါတယ်။ ကုလသမဂ္ဂကတော့ အစ္စရေးဟာ တိုက်ခိုက်ရင်း ဒေသခံတွေ ဘေးလွတ်ရာရှောင်ဖို့ထပ်တလဲလဲ အမိန့်ထုတ်ပြန်နေတာကြောင့် ပါလက်စတိုင်း ဒေသခံတွေအတွက် ပြေးစရာ မြေမရှိတော့ဘူးလို့ ပြောပါတယ်။ ဂါဇာမြောက်ပိုင်းမှာ ဒေသခံ ၄ သိန်းလောက် ပိတ်မိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG