သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာစစ်ပွဲအရေး အစ္စရေးနဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ဆွေးနွေးမည်


အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်တွင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်တွင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu မိန့်ခွန်းပြောကြားစဥ်။ (ဇူလိုင် ၂၄၊ ၂၀၂၄)

အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ ဇူလိုင်လ ၂၅ ရက်နေ့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကို အိမ်ဖြူတော်မှာ လက်ခံ တွေ့ဆုံဖို့ရှိနေပြီး ဂါဇာက အစ္စရေးနဲ့ ဟာမတ်စ်ပွဲကိစ္စကို ဦးစားပေး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

တွေ့ဆုံမှုအတွင်း အစ္စရေးရဲ့ လုံခြုံရေးအတွက် အမေရိကန်က မဆုတ်မနစ် ထောက်ခံပေးသွားမယ်ဆိုတာကို သမ္မတ Biden က ထပ်လောင်း ပြောဆိုဖို့ရှိကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက သတင်းထောက်တွေကို မနေ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း အစ္စရေးကို ခြိမ်းခြောက် အန္တရာယ်ပြုနေတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟာမတ်စ်၊ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာနဲ့ ယီမင်နိုင်ငံက ဟူသီအဖွဲ့တွေကိစ္စတို့ကိုလည်း ဆွေးနွေးကြဖို့ရှိတယ်လို့ ဆိုပါတယ်။

ဂါဇာကို စာနာမှုဆိုင်ရာအကူအညီတွေပေးရေးကိစ္စအပါအဝင် ဂါဇာမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ရေး၊ အစ္စရေးတို့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စတို့ ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးကိစ္စရပ်တွေကိုလည်း ခေါင်းဆောင် ၂ ဦး ဆွေးနွေးကြဖို့ရှိတယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့တို့ရဲ့ အပြိုင်အဆိုင် တောင်းဆိုမှုတွေကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ဖို့ အမေရိကန်က အီဂျစ်၊ ကာတာနိုင်ငံတို့နဲ့အတူ ကာလအတန်ကြာ ကြားဝင်ဆွေးနွေးပေးနေတာဖြစ်ပါတယ်။

ဂါဇာစစ်ပွဲအရေး အစ္စရေးနဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG