သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာမှာ ဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွတ်လာဖို့ အစ္စရေးဝန်ကြီးချုပ်မျှော်လင့်

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေလွတ်မြောက်ဖို့ အချိန်မဝေးတော့ဘူးလို့ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တော်ကိုရောက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကပြောပါတယ်။

သမ္မတဘိုင်ဒန်အဆိုပြုထားတဲ့ ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို အီဂျစ်နဲ့ ကာတာနိုင်ငံတို့က ကြားဝင်ညှိနှိုင်းပေးနေတာဖြစ်ပြီး အခြေအနေတွေတိုးတက်မှုရှိတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြီးခဲ့တဲ့ သီတင်းပတ်ထဲပြောဆိုထားတာပါ။ ဝန်ကြီးချုပ် Netanyahu ဟာ ကွန်ဂရက်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ရှိပြီး ဒီသီတင်းပတ်နှောင်းပိုင်းမှာတော့ သမ္မတ Joe Biden နဲ့ တွေ့ဆုံဖို့မျှော်လင့်ထားပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင်ဒေသက စာနာထောက်ထားမှုဆိုင်ရာ စစ်မဲ့ဇုံသတ်မှတ်နေရာမှာ နေထိုင်သူတွေ အပါအဝင် အရပ်သားတွေ အားလုံးဘေးလွတ်ရာ ပြောင်းရွှေ့ကြဖို့ အစ္စရးစစ်တပ်က မနေ့က အမိန့်ထုတ်ထားပါတယ်။ စစ်မဲ့ဇုန်သတ်မှတ်ထားတဲ့ ဂါဇာဒေသတောင်ပိုင်းမှာ ဟားမတ်စ် စစ်သွေးကြွတွေက အရပ်သားတွေနဲ့ ရောနှောနေထိုင်ပြီး အစ္စရေးကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ဆင်ရေးလုပ်ဖို့ စီစဉ်ထားတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ် စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၂၀၀ လောက်သေဆုံးပြီး ၂၅၀ လောက် ဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရပါတယ်။ ဓားစာခံ ၃ ပုံ ၁ ပုံလောက်သေဆုံးခဲ့ရပြီး အခုထိ ၁၂၀ လောက်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ အစ္စရေးတို့ရဲ့ လက်တုံ့ပြန်ထိုးစစ်တွေအတွင်း သေဆုံးသူ ပါလက်စတိုင်း ၃၉,၀၀၀ ကျော်နေပြီလို့ ဂါဇာကျန်းမာရေးဌာန ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG