သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုပစ်ပယ်မထားဖို့ အရှေ့အာရှညီလာခံမှာ အိန္ဒိယသတိပေး


LAOS-ASEAN-DIPLOMACY MODI
LAOS-ASEAN-DIPLOMACY MODI

မြန်မာကို အထီးကျန်အောင် ပစ်ပယ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က လာအိုနိုင်ငံ ဗီယင်ကျန်းမှာကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေး အတွင်းဝန် Jaideep Mazumdar က သောကြာနေ့ အိန္ဒိယနိုင်ငံခြားရေးဌာန အထူး သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ခေါင်းဆောင် အများအပြားက ပြောသလို အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ဟာ အရေးပါတဲ့ အပြင် မြန်မာကို ပစ်ပယ်မထားဖို့နဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ထွန်းကား လာရေးဟာလည်း အရေးပါကြောင်း ဝန်ကြီးချုပ် Modi က အလေးထား ပြောဆိုခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါ့ပြင် ဒီလို ဒီမိုကရေစီ ပြန်ထွန်းကား လာဖို့ အတွက် နိုင်ငံ အားလုံးက လက်တွဲ ဆောင်ရွက်ပေးသင့် တယ်လို့လည်း အကြံပြုပါတယ်။

မြန်မာ့အရေး တရုတ်ကူညီဖို့ အာဆီယံတောင်းဆို
please wait

No media source currently available

0:00 0:04:00 0:00


မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း အခြေနေ တင်းမာနေတာဟာ အခုချိန်ထိ ဖြစ်နေပြီး အကြမ်းဖက်မှုတွေနဲ့ တိုက်ပွဲတွေ အများအပြား ဖြစ်ပွါးနေတာဟာ ဒေသတွင်း လုံခြုံရေးကို စိုးရိမ်စရာ ဖြစ်လာစေတယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ညီလာခံမှာ တင်ပြခဲ့တာပါ။ ဒါ့အပြင် အိန္ဒိယဟာ အာဆီယံရဲ့ ညီညွတ်မှုကို ထောက်ခံကြောင်း အရှေ့အာရှ ထိပ်သီးအစည်းဝေးမှာ ပြောကြားခဲ့ တယ်လို့ လည်း ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ လာအိုကို သွားရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် Modi ဟာ ဗီယင်ကျန်းမှာ ကျင်းပတဲ့ ၂၁ ကြိမ်မြောက် အာဆီယံ- အိန္ဒိယထိပ်သီးအစည်းဝေးနဲ့ ၁၉ ကြမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်ခဲ့တဲ့ အပြင် လာအို၊ ထိုင်းနဲ့ နယူးဇီလန် နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့လည်း သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မြန်မာကိုပစ်ပယ်မထားဖို့ အရှေ့အာရှညီလာခံမှာ အိန္ဒိယသတိပေး
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG