သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး Tel Aviv မြို့တော်ရောက်ရှိ

အစ္စရေးနိုင်ငံ Tel Aviv မြို့တော်ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)ကို အစ္စရေး အမေရိကန်သံအမတ် Jack Lew (ဝဲ)က ကြိုဆိုနှုတ်ဆက်နေစဉ် (အောက်တိုဘာ ၂၂၊ ၂၀၂၄)
အစ္စရေးနိုင်ငံ Tel Aviv မြို့တော်ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ယာ)ကို အစ္စရေး အမေရိကန်သံအမတ် Jack Lew (ဝဲ)က ကြိုဆိုနှုတ်ဆက်နေစဉ် (အောက်တိုဘာ ၂၂၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အစ္စရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဂါဇာနဲ့လက်ဘနွန် စစ်ပွဲပဋိပက္ခလျှော့ချရေး ဆွေးနွေးဖို့ရှိပါတယ်။ ဝန်ကြီး Antony Blinken က အစ္စရေးနိုင်ငံ​Tel Aviv မြို့တော်ကို ဒီနေ့ရောက်သွားပြီး၊ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu၊ သမ္မတ Isacc Herzog နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့နဲ့တွေ့ဆုံဖို့ရှိတယ်လို့ နှစ်ဘက်အရာရှိတွေက ပြောပါတယ်။

ဂါဇာစစ်ပွဲစပြီးကတည်းက အစ္စရေးကို ၁၁ ကြိမ်မြောက် ရောက်လာတဲ့ ဝန်ကြီး Blinken အနေနဲ့ ဂါဇာအပစ်ရပ်ရေး ပြန်ဆွေးနွေးဖို့နဲ့ လူသားစာနာမှုအကူအညီ တွေပိုပေးနိုင်ဖို့နဲ့ တွန်းအားပေးဖို့ရှိတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။​ တချိန်ထဲမှာပဲ ဝန်ကြီး Blinken အစ္စရေးကို မရောက်ခင် နာရီပိုင်းမှာပဲ၊ လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာစစ်သွေးကြွတွေက Tel Aviv နဲ့ Haifa မြို့တွေနားက အစ္စရေး စစ်အခြေစိုက်စခန်းတွေကို ရော့ကက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာပါ။ အစ္စရေးကတော့ ဒီရော့ကက်ဒုံးတွေကို ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။​

ဒါ့အပြင် ဒီကနေ့ အစ္စရေးက လက်ဘနွန်မြို့တော် ဘေရွတ်အဓိက အစိုးရ ဆေးရုံကို တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး၁၃ ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရတယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ အစ္စရေးကတော့ ဒီတိုက်ခိုက်မှုမှာ ဟက်ဇ်ဘိုလာတွေရဲ့ ရေတပ် ဗဟိုအခြေစိုက်စခန်းအပါအဝင် စစ်ရေး ပစ်မှတ်တွေကိုထိမှန်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG