သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yahya Sinwar သေဆုံးမှု Hamas အတည်ပြု

ကလေးငယ်တဦးနဲ့ အတူတွေ့ရတဲ့ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Yahya Sinwar (မေ ၂၄၊ ၂၀၂၁)
ကလေးငယ်တဦးနဲ့ အတူတွေ့ရတဲ့ ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Yahya Sinwar (မေ ၂၄၊ ၂၀၂၁)

ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုအတွင်း ဟာမတ်စ်အဖွဲ့ခေါင်းဆောင် Yahya Sinwar သေဆုံးသွားပြီ ဆိုတာကို ဟာမတ်စ် (Hamas) အဖွဲ့က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ကြီးမြတ်တဲ့ ခေါင်းဆောင်၊ သူရဲကောင်းညီအကိုတယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်း ကြေကွဲရတယ်လို့ ကာတာနိုင်ငံအခြေစိုက် ဟာမတ်စ်အဖွဲ့တာဝန်ခံ Khalil al-Hayya က ဒီကနေ့ ဗီဒီယိုနဲ့ထုတ်ပြန်ချက်ကို Al Jazeera သတင်းမှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။

Sinwar ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေး သမိုင်းမှာ လူအများဆုံး သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကို အဓိက စီစဉ် ကြိုးကိုင်သူအဖြစ် အစ္စရေးက အလိုအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ဟာမတ်စ် ခေါင်းဆောင် သေဆုံးသွားတဲ့အတွက် အစ္စရေးနဲ့ ဟာမတ်စ်ကြား ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လမ်းပွင့်လာနိုင်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောဆိုနေပေမဲ့လို့ ဟာမတ်စ်အဖွဲ့ကတော့ ဂါဇာမှာ စစ်ပွဲတွေ အဆုံးမသတ်မချင်း ဖမ်းဆီးထားတဲ့ ဓားစားခံတွေ ပြန်လွှတ်ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဟာမတ်စ် ခေါင်းဆောင် သေဆုံးသွားတဲ့အတွက် အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ အရှိန်လျော့သွားမှာ မဟုတ်ဘူးလို့လည်း ဟာမတ်စ်အဖွဲ့က ပြောဆိုထားပါတယ်။

လက်ဘနွန်က အီရန်ထောက်ပံ့ထားတဲ့ Hezbollah စစ်သွေးကြွအဖွဲ့ကလည်း Hamas ခေါင်းဆောင်သေဆုံးတဲ့အပေါ် ဝမ်းနည်းကြောင်းနဲ့ ပါလက်စတိုင်းပြည်သူတွေဘက်က ဆက်လက်ရပ်တည် သွားမယ်လို့ ကြေညာချက်ထုတ်ခဲ့ပါတယ်။

Yahya Sinwar သေဆုံးမှု Hamas အတည်ပြု
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG