သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar အစ္စရေးလက်ချက်နဲ့ သေဆုံး 


ဂါဇာစစ်ပွဲ ဖြစ်ပွါးလာစေတဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုအတွက် စီစဉ်ညွှန်ကြားသူ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar
ဂါဇာစစ်ပွဲ ဖြစ်ပွါးလာစေတဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုအတွက် စီစဉ်ညွှန်ကြားသူ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar

ဂါဇာစစ်ပွဲ ဖြစ်ပွါးလာစေတဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက် အစ္စရေးကို ဝင်ရောက်တိုက်ခိုက်မှုအတွက် စီစဉ်ညွှန်ကြားသူ ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar ကို သတ်ဖြတ်နိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁၇ ရက် ကြာသပတေးနေ့မှာ အစ္စရေးက ကြေညာပါတယ်။

ဟာမတ်စ်ခေါင်းဆောင် Sinwar ရှိတဲ့နေရာကို သေချာမသိသေးတဲ့ အစ္စရေးတပ်တွေဟာ ဂါဇာတောင်ပိုင်းက အဆောက်အဦးတခုကို ပစ်ခတ်ရာကနေ သူနဲ့အတူ နောက်ထပ်စစ်သွေးကြွ ၂ ဦးကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အစပိုင်းမှာ အသက် ၆၁ နှစ်အရွယ်သေဆုံးသူဟာ Sinwar ဟုတ်မဟုတ် မသိခဲ့ပေမယ့် DNA နဲ့ သွားမှတ်တမ်း အပါအဝင် စုံစမ်း စစ်ဆေးမှုတွေ နာရီအတော်ကြာ လုပ်ခဲ့ပြီးမှ အတည်ပြုနိုင်ခဲ့တာ ဖြစ်ပါတယ်။

Yahya Sinwar ဟာ လူအစုလိုက် သေဆုံးခဲ့ရတဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွက် တာဝန်ရှိသူဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က ကြေညာချက်ထုတ်ပါတယ်။ အခုလို သူ့ကိုသုတ်သင်နိုင်ခဲ့တာကြောင့် အဖမ်းခံနေရတဲ့ ဓါးစာခံတွေ အမြန်ပြန်လွတ်လာနိုင်သလို ဟာမတ်စ်နဲ့အီရန်တို့ရဲ့ ထိန်းချုပ်မှုကင်းတဲ့ ဂါဇာဒေသအဖြစ် ပြောင်းလဲလာနိုင်တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် Sinwar သေဆုံးမှုကြောင့် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာာ အခုထိတော့ မသိနိုင်သေးပါဘူး။

တနှစ်ကျော်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ အပစ်ရပ်ရေး ဆွေးနွေးမှုတွေက ရှေ့မတိုးနောက်မဆုတ်ဖြစ်နေ သလို ဟာမတ်စ်ဘက်ကရော အစ္စရေးဘက်ကပါ နောက်ထပ် ဘာမှ လုပ်ဆောင်တာမရှိသေးပါဘူး။ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က Sinwar သေဆုံးမှုဟာ ဂါဇာမှာ ဟာမတ်စ်အုပ်ချုပ်မှု အဆုံးသတ်ရေးအတွက် အရေးပါတဲ့မှတ်တိုင်တခုဖြစ်ကြောင်းပြောသလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ဒါဟာ အစ္စရေး ၊ အမေရိကန်နဲ့ကမ္ဘာကြီးအတွက် ကောင်းတဲ့နေ့ဖြစ်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတွေအတွက် ကောင်းမွန်တဲ့ အနာဂတ် ပေါ်လာစေဖို့ ဖြစ်ကြောင်းပြောပါတယ်။

ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar အစ္စရေးလက်ချက်နဲ့ သေဆုံး 
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG