သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဝန်ကြီးချုပ် နေအိမ် ပစ်မှတ်ထား တိုက်ခံရ

အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေနေအိမ်အနီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့ နေရာယူစောင့်ကြည့်
အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေနေအိမ်အနီး အစ္စရေး လုံခြုံရေးတပ်ဖွဲ့ နေရာယူစောင့်ကြည့်

အစ္စရေးဝန်ကြီးချုပ်ရဲ့နေအိမ် ပစ်မှတ်ထား တိုက်ခိုက်ခံရတယ်လို့ အစ္စရေးက ပြောကြားလိုက်ပါတယ်။ အစ္စရေးနိုင်ငံမြောက်ပိုင်း ကေးစရီးယား -Caesarea မြို့မှာရှိတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ အပန်းဖြေ နေအိမ်ရှိရာကို ဒရုန်းတစင်း ဒီနေ့ပျံသန်းလာခဲ့ပေမဲ့ အဲဒီအချိန် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ကတော်တို့ အိမ်မှာရှိမနေဘူးလို့ ပြောခွင့်ရကပြောပါတယ်။

လက်ဘနွန်ဘက်ကနေ ပျံလာတဲ့ ဒရုန်း ၁ စင်း အဆောက်အဦးတခုနဲ့ထိပြီး ပျက်ကျခဲ့တယ်လို့ အစ္စရေး စစ်တပ်က အစောပိုင်းက ပြောကြားခဲ့ပါတယ်။ ဘယ်အဆောက်အဦးကို ထိတာလဲဆိုတာကို ရှင်းရှင်းမပြောပေမဲ့ နောက်ထပ်ပျံလာတဲ့ ဒရုန်း ၂ စင်းကို ကြားဖြတ် ဖျက်ချခဲ့တယ်လို့ စစ်တပ်က ပြောပါတယ်။ အစ္စရေး အရေးပေါ်လူနာဌာနကလည်း ထိခိုက်ဒဏ်ရာ ရသူမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးမှာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို အဓိက ကြိုးကိုင်စီစဥ်ခဲ့တဲ့ ဟာမတ်စ်စစ်သွေးကြွအဖွဲ့ ထိပ်တန်းခေါင်းဆောင် Yahya Sinwar အစ္စရေး စစ်တပ်လက်ချက်နဲ့ ကြာသပတေးနေ့က သေဆုံးခဲ့ပြီးနောက် အစ္စရေးကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ဟာမတ်စ်အဖွဲ့ရော၊ အီရန်ရော၊ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ လက်ဘနွန်က Hezbollah အဖွဲ့ကရော တုံ့ပြန်ခဲ့ကြပါတယ်။

လက်ဘနွန်နယ်စပ်ကနေ အစ္စရေးမြောက်ပိုင်းဘက်ကို ဒုံးလက်နက် အမြောက်အများနဲ့ Hezbollah တွေဘက်က ဒီနေ့ ပစ်ခတ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာတော့ Maghazi ဒုက္ခသည်စခန်းအပေါ် အစ္စရေးစစ်တပ်က ဒီနေ့ စနေနေ့ အစောပိုင်း တိုက်ခိုက်လို့ ကလေးငယ်တွေ အပါအဝင် လူ ၂၁ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာဆေးရုံ အရာရှိတွေက ပြောပါတယ်။

This item is part of

Forum

XS
SM
MD
LG