သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားစစ်သွေးကြွအဖွဲ့ အစ္စရေး လေကြောင်းက တိုက်ခိုက်


ဆီးရီးယား မြို့တော် ဒမတ်စကပ် လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄)
ဆီးရီးယား မြို့တော် ဒမတ်စကပ် လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄)

ဆီးရီးယား မြို့တော် ဒမတ်စကပ် အနောက်ပိုင်းနဲ့ ဆင်ခြေဖုံးဒေသတွေမှာ ကြာသပတေးနေ့က အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၅ ယောက်ရှိသလို ဒဏ်ရာရသူက ၁၆ ယောက်လောက် ရှိတယ်လို့ ဆီးရီးယား အစိုးရ သတင်းဌာန SANA က ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ဒမတ်စကပ် အနောက်မြောက်ပိုင်းမှာ အဆောက်အဦ ၂ ခုကို ထိမှန်ခဲ့သလို၊ Mazzeh ရပ်ကွက် မှာတော့ ၅ ထပ်တိုက် လူနေအဆောက်အအုံကို ထိမှန်ခဲ့တာပါ။ အစ္စရေး စစ်တပ်ကတော့ အဲဒီ အဆောက်အအုံတွေဟာ ဆီးရီးယား အခြေစိုက် အစ္စလန်မစ် ဂျီဟတ် စစ်သွေးကြွ အဖွဲ့ရဲ့ ဗဟိုဌာနချုပ်တွေ ဖြစ်ပြီး အခု အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဒီ ဂျီဟတ်အဖွဲ့ရဲ့ ဌာနချုပ်နဲ့ သူတို့ရဲ့ တိုက်ခိုက်ရေး လုပ်ငန်းတွေအတွက် အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့ ပြောပါတယ်။

ဒမတ်စကပ်နဲ့ ဆင်ခြေဖုံး Mazzeh မှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု မတိုင်ခင်က အီရန်ခေါင်းဆောင်ကြီးး Ali Khamenei ရဲ့ အကြံပေး အလီ လာရီဂျာနီ - Ali Larijani နဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ကိုယ်စားလှယ်တွေ Mazzeh က အီရန်သံရုံးမှာ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒီ အစ္စလန်မစ် ဂျီဟတ်အဖွဲ့ဟာ မနှစ်က အောက်တိုဘာ ၇ ရက် အစ္စရေးအတိုက်ခိုက်ခံရမှုကို ဂါဇာက ဟားမတ်စ်တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့ တာဖြစ်ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒီ ဂျီဟတ်အဖွဲ့ကိုလည်း အစ္စရေးက လိုအပ်သလို တိုက်ခိုက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ အောက်တိုဘာ ၇ ရက် အတိုက်ခိုက်ခံရမှုကို အစ္စရေးက လက်တုံ့ပြန်တဲ့ အစ္စရေး- ဟားမတ်စ် စစ်ပွဲဟာ ဒေသတွင်းပိုမိုကျယ်ပြန့်လာ နေတာဖြစ်ပြီး လက်ဘနွန်နဲ့ ဆီးရီးယားမှာသာမက အီရန်နဲ့ အစ္စရေးကြားမှာပါ တိုက်ခိုက်မှုတွေ ဖြစ်ပွါးလာနေတာပါ။

ဆီးရီးယားစစ်သွေးကြွအဖွဲ့ အစ္စရေး လေကြောင်းက တိုက်ခိုက်
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG