သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကုလလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးမည်


ဆီးရီးယားမြို့တော်ကို သူပုန်တွေက သိမ်းပိုက်ပြီး သမ္မတဘာရှာ အယ်လ်အာဆတ်ထွက်ပြေးသွားပြီးနောက် သူပုန်တိုက်ခိုက်ရေးသမားတွေကို ဒမတ်စကက်မြို့မှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၉၊ ၂၀၂၄)
ဆီးရီးယားမြို့တော်ကို သူပုန်တွေက သိမ်းပိုက်ပြီး သမ္မတဘာရှာ အယ်လ်အာဆတ်ထွက်ပြေးသွားပြီးနောက် သူပုန်တိုက်ခိုက်ရေးသမားတွေကို ဒမတ်စကက်မြို့မှာ တွေ့ရစဥ်။ (ဒီဇင်ဘာ ၉၊ ၂၀၂၄)

ဆီးရီးယားနိုင်ငံမှာ သမ္မတ Bashar al-Assad ကို တော်လှန်ရေးအဖွဲ့တွေက ဖြုတ်ချလိုက်ပြီးတဲ့နောက် လက်ရှိဖြစ်ပေါ် ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ တံခါးပိတ် ဆွေးနွေးကြဖို့ ရှိပါတယ်။

ဆီးရီးယား-အစ္စရေး နယ်စပ်က Golan ကုန်းမြင့်ဒေသမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ထားရှိရေးအပါအဝင် လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဆွေးနွေးဖို့အတွက် ဆီးရီးယားရဲ့ ၁၄ နှစ်ကြာ ပြည်တွင်းကာလအတွင်း သမ္မတ Assad အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ ကူညီပေးခဲ့တဲ့ ရုရှားနိုင်ငံက ဒီစည်းဝေးပွဲကို ခေါ်ဆိုထားတာ ဖြစ်ပါတယ်။

မနေ့ တနင်္ဂနွေနေ့တုန်းကတော့ ကုလသမဂ္ဂရဲ့ စောင့်ကြည့်မှုအောက်မှာရှိနေတဲ့ အဲဒီ Golan Heights ဒေသကို အစ္စတပ်တွေ ချထားလိုက်ပါတယ်။ နယ်စပ်မှာရှိတဲ့ ဆီးရီးယားအစောင့်တပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့အတွက် အခုလို တပ်ဖွဲ့တွေ ချထားရခြင်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ပြောကြားလိုက်သလို ဒါဟာ အကန့်အသတ်နဲ့ ယာယီ ချထားခြင်းဖြစ်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar ကလည်း ဒီကနေ့ ပြောပါတယ်။

၁၄ နှစ်ကြာ ပြည်တွင်းစစ်အပြင် Assad မိသားစုက ဆယ်စုပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ဆီးရီးယားနိုင်ငံ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေကို ဘယ်သူက ဦးဆောင်မလဲဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြပါတယ်။

သမ္မတ Assad ရုရှားနိုင်ငံမှာ ခိုလှုံခွင့်ပြုဖို့ သမ္မတ Vladimir Putin ကလက်ခံလိုက်ကြောင်း ရုရှားအစိုးရပြောခွင့် Dmitry Peskov က ဒီကနေ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ သတင်းထောက်တွေကို အတည်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် သမ္မတ Putin အနေနဲ့ သမ္မတ Assad ကို တွေ့ဆုံဖို့ အစီအစဉ်ဘူးလို့ ရုရှားအစိုးရ ပြောခွင့်ရက ပြောဆိုလိုက်ပြီး သမ္မတ Assad အခု ဘယ်မှာ ရှိနေတယ်ဆိုတာကို ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG