သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အခြေအနေ ရုရှားအနီးကပ်စောင့်ကြည့်

ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov
ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov

ဆီးရီးယားနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး လက်ရှိ တိုင်းပြည်အာဏာကို ထိန်းချုပ်ထားသူတွေနဲ့လည်း အဆက်အသွယ်ရှိတယ်လို့ ရုရှားက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်း ဆီးရီးယား အစိုးရတပ်ဖွဲ့တွေကို ထောက်ပံ့ ကူညီပေးဖို့ ရုရှားတပ်ဖွဲ့တွေ အခြေချခဲ့တဲ့ တပ်စခန်းနေရာတွေအပါအဝင် သံတမန် အဆောက်အဦးတွေ ဘေးကင်းလုံခြုံမှုရှိအောင် ထိန်းသိမ်းပေးဖို့အတွက်လည်း ရုရှားအစိုးရ ပြောခွင့်ရ Dmitry Peskov က အလေးထား ပြောကြားခဲ့ပါတယ်။

သမ္မတ Bashar al-Assad ကို ဖြုတ်ချပြီး မြို့တော်ဒမတ်စကဒ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ရုရှားအစိုးရ ပြောခွင့်ရက အခုလို ပြောလိုက်တာပါ။ သမ္မတ Assad ဟာ ရုရှားနိုင်ငံကို ထွက်ပြေးခဲ့ပြီး သူ့ကို ခိုလှုံခွင့်ပြုလုက်ကြောင်း ရုရှားအစိုးရကလည်း တရားဝင် ထုတ်ဖော် ပြောဆိုထားပါတယ်။

သမ္မတ Assad အစိုးရ ပြုတ်ကျသွားတဲ့အတွက် အီရန်အနေနဲ့ လက်ဘနွန်အခြေစိုက် Hezbollah အဖွဲ့ကို ကုန်းကြောင်းကနေ လက်နက်တွေ တင်ပို့ပေးနေတဲ့ လမ်းကြောင်း ပိတ်သွားခဲ့တဲ့အပြင် ဒေသတွင်း အီရန်ရဲ့အကျိုးစီးပွားတွေကို လုပ်ဆောင်ပေးနေတဲ့ အစီအစဉ်တွေ လက်လွတ် ဆုံးရှုံးသွားစေခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ဟာမတ်စ် စစ်သွေးကြွအဖွဲ့၊ အီရတ်နိုင်ငံထဲက ပြည်သူ့စစ်အဖွဲ့တွေနဲ့ ယီမင်နိုင်ငံက ဟူသီ သူပုန်အဖွဲ့တွေကို တိုက်ရိုက် ထောက်ပံ့ပေးနေတဲ့ အီရန်နိုင်ငံရဲ့ ဒေသတွင်း ဩဇာလွှမ်းမိုးမှုတွေ အားနည်းသွားပြီဆိုတဲ့ ပြောဆိုမှုကို အီရန်ဘာသာရေးခေါင်းဆောင် Ayatollah Ali Khamenei က ဒီကနေ့ ပယ်ချလိုက်ပါတယ်။

ဆီးရီးယား အခြေအနေ ရုရှားအနီးကပ်စောင့်ကြည့်
please wait

No media source currently available

0:00 0:00:56 0:00
တိုက်ရိုက် လင့်ခ်

Forum

​
XS
SM
MD
LG