သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသွင်ကူးပြောင်းရေးအစိုးရခေါင်းဆောင် ဆီးရီယားသူပုန်တွေရွေးချယ်


ဒမတ်စကပ်မြို့မှာ သမ္မတ Bashar al-Assad ကိုဖယ်ရှားပြီးနောက် အောင်ပွဲခံနေကြစဉ် (ဒီဇင်ဘာ ၈၊ ၂၀၂၄)
ဒမတ်စကပ်မြို့မှာ သမ္မတ Bashar al-Assad ကိုဖယ်ရှားပြီးနောက် အောင်ပွဲခံနေကြစဉ် (ဒီဇင်ဘာ ၈၊ ၂၀၂၄)

ဆီးရီးယား နိုင်ငံကို ကာလရှည် အာဏာပြ အုပ်ချုပ်ခဲ့တဲ့ သမ္မတ Bashar al-Assad ကို ဖယ်ရှားလိုက်ပြီးနောက် အင်္ဂါနေ့မှာတော့ မတ်လ အထိ စီမံမယ့် အသွင်ကူးပြောင်းရေး အစိုးရ ခေါင်းဆောင်ကို ဆီးရီးယား သူပုန်တွေ ရွေးချယ်ခဲ့ကြပါတယ်။ မြို့တော် ဒမတ်စကပ်မှာ Assad အစိုးရ အဖွဲ့က တာဝန်ရှိသူတွေနဲ့ သူပုန် ခေါင်းဆောင်တွေ အစိုးရ အဖွဲ့အစည်းအဝေးထိုင်ခဲ့ပြီးနောက် သူပုန်ထိန်းချုပ်ခဲ့ရာ အနောက်မြောက်ပိုင်း ဒေသက ဒေသငယ်လေးကို အုပ်ချုပ်ရေး အဖွဲ့ကို စီမံခဲ့သူ Mohammed al-Bashir က ကြားဖြတ် အစိုးရကို ခေါင်းဆောင်ဖို့ သူ ရွေးချယ်ခံရကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဆီးရီးယား တနိုင်ငံလုံး အတိုင်းအတာ အရတော့ သူ့ကို လူသိနည်းပါတယ်။ စာရွက်စာတမ်းတွေ လွှဲပြောင်းပေးရေးနဲ့ အစိုးရ လုပ်ငန်းများ ဆက်လက် တာဝန်ယူမယ့် အဖွဲ့အစည်းများ ဆိုတဲ့ အကြောင်းအရာ အောက်ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ကြောင်း Bashir က ပြောပါတယ်။ အာဆဒ် အစိုးရကို ဆန့်ကျင် တွန်းလှန်ခဲ့သူများ ပြည်တွင်းစစ် ကာလ တလျှောက် လွှင့်ထူ အသုံးပြုခဲ့တဲ့ အစိမ်း၊ အနက်နဲ့ အဖြူရောင် အလံ၊ နောက် ဆွန်နီ အစ္စလာမ္မစ် တိုက်ခိုက်ရေး သမားတွေ ဆီးရီးယားမှာ လွှင့်ထူတဲ့ အဖြူရောင်မှာ အနက်ရောင်နဲ့ အစ္စလာမ္မစ် ကျမ်းစာကို ပုံဖော်ထားတဲ့ အလံ တို့ ရှေ့မှာ Bashir က ရပ်ခဲ့ပါတယ်။

ဆီးရီးယား မြို့တော် ဒမတ်စကပ်မှာတော့ အခြေအနေ တချို့ ပုံမှန် ပြန်ဖြစ်လာနေတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်။ လမ်းမတွေပေါ်မှာ လက်နက်ကိုင်တွေ သိသိသာသာ နည်းသွားပါတယ်။ ရဲတပ်ဖွဲ့၊ နောက် အဓိက သူပုန် အဖွဲ့ Hayat Tahrir al-Sham နဲ့ ဆက်စပ်တဲ့ ယာယီ လုံခြုံရေး တပ်ဖွဲ့တွေ ချထားရေး အတွက် တိုက်ခိုက်ရေး သမားတွေ မြို့တွေကနေ ရုပ်သိမ်းဖို့ တပ်မှူးတွေက ညွှန်ကြားထားကြောင်းလည်း သူပုန်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ အာဆဒ် ပြုတ်ကျပြီး ရုရှားကို ထွက်ခွာသွားပြီးနောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် ဘဏ်တွေနဲ့ ဈေးဆိုင်တွေလည်း ပထမဆုံး အကြိမ် ပြန်လည် ဖွင့်လှစ်နေကြပါတယ်။

အသွင်ကူးပြောင်းရေးအစိုးရခေါင်းဆောင် ဆီးရီယားသူပုန်တွေရွေးချယ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG