သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား အဆင့်မြင့် Hypersonic မစ်ဇိုင်းဒုံးစမ်းသပ်

ဇန်နဝါရီ ၆ ရက်မှာရိုက်ပြီး ၇ ရက်မှာ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ထုတ်လွှင့်တဲ့ အဆင့်မြင့် Hypersonic ပဲ့ထိန်း မစ်ဇိုင်းဒုံးတစင်း လွှတ်တင်နေပုံ။ (ဇန်နဝါရီ ၇၊ ၂၀၂၅
ဇန်နဝါရီ ၆ ရက်မှာရိုက်ပြီး ၇ ရက်မှာ မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA က ထုတ်လွှင့်တဲ့ အဆင့်မြင့် Hypersonic ပဲ့ထိန်း မစ်ဇိုင်းဒုံးတစင်း လွှတ်တင်နေပုံ။ (ဇန်နဝါရီ ၇၊ ၂၀၂၅

မြောက်ကိုရီးယားအနေနဲ့ အသံထက်အဆပေါင်းများစွာမြန်တဲ့ တာလတ်ပစ် ဟိုက်ပါဆိုးနစ် (Hypersonic) ပဲ့ထိန်း မစ်ဇိုင်းဒုံးတစင်းကိုအောင်မြင်စွာပစ်လွှတ်နိုင်ခဲ့ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကိုယ်တိုင် စောင့်ကြည့်စစ်ဆေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းဌာန KCNA က ဒီကနေ့ အင်္ဂါမှာထုတ်ဖေါ်ပြောဆိုပါတယ်။

ဒီမစ်ဇိုင်ဒုံးကို တနင်္လာနေ့တုန်းက မြောက်ကိုရီးယားမြို့တော်ပြုံယမ်းအနီးကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး အသံထက် ၁၂ ဆမြန်တဲ့နှုန်းနဲ့ မိုင် ၁,၀၀၀ နီးပါးအကွာ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ KCNA သတင်း ဌာနကဖေါ်ပြပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒီမစ်ဇိုင်းဒုံးဟာ တောင် ကိုရီးယားနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရောက်ရှိနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ဟာ သူ့ရဲ့ တောင်ကိုရီးယား ခရီးစဉ်အတွင်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့ တောင်ကိုရီးယားနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအပြင် ဂျပန်အပါအဝင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအတွက်ပါဆွေးနွေး ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းကတော့ ဒီအစွမ်းထက်တဲ့လက်နက်ဟာ စစ်ပွဲတွေရဲ့ အနေအထားကိုပြောင်းလဲသွားစေနိုင်ပြီး ဒေသတွင်းလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို ခြိမ်းခြောက်နေတဲ့ ရန်လိုတဲ့အင်အားစုတွေကို တုံ့ပြန်ဖို့လို့ပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယား KCNA သတင်းဌာနကဖေါ်ပြခဲ့ပါတယ်။

အခုလိုမြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဟိုက်ပါဆိုးနစ်မစ်ဇိုင်းဒုံး စမ်းသပ်ပစ်ခတ်ခဲ့မှုအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Cho-Tae-Yul တို့နှစ်ဦးက ပူးတွဲရှုတ်ချခဲ့ကြပါတယ်။

မြောက်ကိုရီးယား အဆင့်မြင့် Hypersonic မစ်ဇိုင်းဒုံးစမ်းသပ်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG