သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည် ပစ်လွှတ်ပြီး မကြာခင် ပေါက်ကွဲ


မြောက်ကိုရီးယား၏ ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ်သည့် သတင်းကို ဂျူလိုင်လ ၉ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ထုတ်လွှင့် ပြသနေစဉ်။ ဓါတ်ပုံ - (REUTERS/Kim Hong-Ji)
မြောက်ကိုရီးယား၏ ပဲ့ထိန်းတပ် ဒုံးကျည် ပစ်လွှတ်သည့် သတင်းကို ဂျူလိုင်လ ၉ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ထုတ်လွှင့် ပြသနေစဉ်။ ဓါတ်ပုံ - (REUTERS/Kim Hong-Ji)

မြောက်ကိုးရီးယားနိုင်ငံရဲ့ ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းတပ် ဒုံးကျည်တစင်းကို စမ်းသပ်ပစ်လွှတ်ရာမှာ လွှတ်တင်လိုက်ပြီးပြီးချင်းမှာပဲ ပျက်ကျသွားပါတယ်။

ဒုံးကျည်လွှတ်တင်လိုက်အပြီး လေထဲ ၁၀ ကီလိုမီတာ အရောက်မှာ ပေါက်ကွဲ သွားတာ ဖြစ်တယ်လို့ တောင်ကိုးရီးယား ယွန်ဟတ် သတင်းဌာနက ပြောပါတယ်။ ဧပြီလတုန်းက အလားတူ စမ်းသပ်ပစ်လွှတ်မှုတခုလည်း အောင်မြင်မှုမရခဲ့ပါဘူး။

မြောက်ကိုးရီးယား အရှေ့ဘက် ကမ်းရိုးတန်း၊ Sinpo မြို့အနီးက တန်ချိန် ၂ ထောင် ရှိတဲ့ ရေငုပ်သင်္ဘောကနေ စနေနေ့ မနက်က ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ယွန်ဟတ် သတင်းဌာနက ဆိုပါတယ်။

ဒုံးကျည် ဘယ်လောက် အတိုင်းအတာအထိ ရောက်ခဲ့တယ်၊ ဘယ်နေရာမှ ပျက်ကျသွားတယ် ဆိုတာကို အတည်မပြု နိုင်သလို မြောက်ကိုးရီးယားအနေနဲ့ ကုလသမဂ္ဂရဲ့ ပြဌာန်းချက်ကို ဒုံးကျည်တွေ အဆက်မပြတ် ပစ်လွှတ်ခြင်းဖြင့် ချိုးဖောက်နေတယ်လို့ တောင်ကိုးရီးယား ကာကွယ်ရေး ဝန်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

မြောက်ကိုးရီးယားရဲ့ ပဲထိန်းတပ် ဒုံးကျည် ပစ်လွှတ်မှုကို တားမြစ်ထားတဲ့ ကမ္ဘာ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့သတ်မှတ် ပြဌာန်းချက်တွေကို ချိုးဖောက်နေတဲ့ ဒီဒုံးကျည် ပစ်လွှတ်မှုနဲ့ လတ်တလော ပြုလုပ်သွားတဲ့ အခြား စမ်းသပ် ပစ်လွှတ်မှုတွေကို အမေရိကန် ရေတပ်ပြောခွင့်ရ ဒုတိယဗိုလ်မှုးကြီး Gary Ross က ပြင်းပြင်းထန်ထန် ရှုံံချလိုက်ကြောင်း ကြေငြာချက် ထုတ်ပြန်ပါတယ်။

ဂျပန် ဝန်ကြီးချုပ် Shinzo Abe ကလည်း မြောက်ကိုးရီးယားရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ရှုံ့ချပါတယ်။

မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှုကို ကာကွယ်ဖို့ ကိုရီးယား ကျွန်းဆွယ် မှာ အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေးစနစ်ကို ချထားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကြေညာလိုက်အပြီး တစ်ရက် အကြာမှာပဲ အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်လိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG