ဂါဇာတောင်ပိုင်းက မြေအောက်လိုဏ်ခေါင်းတွေထဲကနေ ဓါးစာခံအဖြစ် အဖမ်းခံထားရတဲ့ အသက် ၅၃ နှစ်အရွယ် Yose် AlZaydani ရဲ့ ရုပ်အလောင်းကို အစ္စရေးစစ်သားတွေကရှာဖွေတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ဒါ့အပြင် သူနဲ့အတူ နောက်ထပ်ရုပ်အလောင်းတခုကိုလည်းတွေ့ရှိခဲ့ပြီး အဲဒါဟာ Alzaydani ရဲ့ သား ဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ပြောပါတယ်။
ဓါးစာခံတွေထဲက သေဆုံးသွားတဲ့သူ နှစ်ယောက်ရဲ့ ရုပ်အလောင်းတွေကို အစောပိုင်းမှာ တွေ့ရှိခဲ့တာ ဖြစ်ပြီး အဲဒီလူတွေဟာ ၂၀၂၃ အောက်တိုဘာ ၇ ရက်နေ့က ဟာမတ်စ်တွေရဲ့တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားခံရတာဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Israel Katz က ပြော ပါတယ်။
အစ္စရေးနဲ့ဟာမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုလုပ်ဖို့ စဉ်းစားနေကြပြီး နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရခဲ့မယ်ဆိုရင်တော့ ဟာမတ်စ်တွေဖမ်းထားတဲ့ ဓါးစာခံတွေထဲက ကျန်နေတဲ့ ၁၀၀ ပြန်လည်လွတ်မြောက်လာမှာဖြစ်သလို ဂါဇာမှာ တိုက်ခိုက်နေတာတွေလည်း ရပ်တန့်သွားမှာဖြစ်ပါတယ်။
အစ္စရေးဘက်ကတော့ ကျန်နေတဲ့ ဓါးစားခံ ၁၀၀ ထဲက သုံးပုံတပုံလောက်သေဆုံးသွားပြီး သေဆုံးတဲ့သူက ထက်ဝက်လောက်လည်း ရှိနိုင်တယ်လို့ ပြောပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က အစ္စရေးက အခုလို မကြေညာခင်အထိတော့ Yosef နဲ့ သူ့ရဲ့ သားတို့ ဆက်ပြီး အသက်ရှင်နေသေးတယ်လို့ ထင်နေကြတာပါ။ ဒါပေမဲ့ အခုလို သေဆုံးသွားတယ်ဆိုတဲ့သတင်းကြောင့် အစ္စရေးအနေနဲ့ အပစ်ရပ်စဲရေးကိစ္စကို သဘောတူဖို့ ဖိအားတွေ ပိုများလာနိုင်ဖွယ်ရှိနေပါတယ်
Forum