သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်နောက်တဆင့် အစ္စရေးဓါးစာခံတွေ လွှတ်ဖို့ ဟားမတ်(စ)ကြေညာ


ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲဖို့ ပြန်လွှတ်ပေးမယ့် ဓါးစာခံ ၄ ဦး
ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲဖို့ ပြန်လွှတ်ပေးမယ့် ဓါးစာခံ ၄ ဦး

ဂါဇာအပစ်ရပ် သဘောတူညီချက်အရ ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား အကျဉ်းသားလဲလှယ်မှုမှာ ဒုတိယအသုတ်အနေနဲ့ ဓါးစာခံဖမ်းထားတဲ့ အစ္စရေး အမျိုးသမီး ၄ ဦးကို စနေနေ့မှာ ပြန်လွှတ်မှာ ဖြစ်ကြောင်း ဟားမတ်စ်က သောကြာနေ့မှာ ကြေညာပါတယ်။

ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲဖို့ ပြန်လွှတ်ပေးမယ့် သူတွေကတော့ Karina Ariev, Daniella Gilboa, Naama Levy နဲ့ Liri Albag တို့ဖြစ်ပြီး သူတို့ ၄ ဦးကို ၂၀၂၃ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေ ဝင်ရောက်စီးနင်းစဉ် အစ္စရေးတောင်ပိုင်းက Nahal Oz အခြေစိုက် စခန်းကနေ ဓါးစာခံအဖြစ်ဖမ်းသွားတာ ဖြစ်ပါတယ်။ အခုလို ပြန်လွှတ်ပေးမယ့် ဓါးစာခံ စာရင်းကို ကြားဝင်ညှိနှိုင်းသူတွေဆီက အကြောင်းကြားချက် လက်ခံရရှိကြောင်း အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က အတည်ပြုပါတယ်။

အကျဉ်းသား လဲလှယ်မှုကို စနေနေ့လယ်မှာ စတင်မယ်လို့ ခန့်မှန်းရပါတယ်။ ဇန်နဝါရီ ၁၉ ရက် အပစ်ရပ် ပထမနေ့မှာ ဟားမတ်စ်ကို အစ္စရေး အမျိုးသမီး ၃ ဦးကို လွှတ်ပေးခဲ့ပြီး ပါလက်စတိုင်း အကျဉ်းသား ၉၀ နဲ့ လဲလှယ်ခဲ့တာပါ။ အပစ်ရပ် သဘောတူညီချက် ပထမအဆင့်မှာ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ဖို့ ဟားမတ်စ်တွေက ဖမ်းထားတဲ့ ဓါးစာခံ ၃၃ ယောက်လွှတ်ပေးဖို့ရှိသလို၊ လူသားစာနာမှု အကူအညီတိုးပေးဖို့နဲ့ ဂါဇာတချို့ ဒေသ တွေမှာ ရှိတဲ့ အစ္စရေးတပ်တွေ ပြန်ရုတ်သိမ်းဖို့ ဖြစ်ပါတယ်။

ဟားမတ်စ်တွေ အစ္စရေးမှာ ဝင်ရောက်စီးနင်းမှုကနေ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓါးစာခံ ၂၅၀ လောက် အဖမ်းခံခဲ့ရတဲ့နောက် အစ္စရေးရဲ့ လက်တုံ့ပြန်မှုကြောင့် ပါလက်စတိုင်း ၄ သောင်း ၇ ထောင်ကျော် သေဆုံးရတယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စနေနေ့ အကျဉ်းသား လဲလှယ်ရေး မလုပ်ခင် အနောက်ဘက်ကမ်း ဒေသက အစ္စရေးသိမ်းထားတဲ့ နေရာမှာ အကြမ်းဖက်မှုတွေ တိုးလာတာကြောင့် ဒါဟာ ဂါဇာအပစ်ရပ်ရေး အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

အပစ်ရပ်နောက်တဆင့် အစ္စရေးဓါးစာခံတွေ လွှတ်ဖို့ ဟားမတ်(စ)ကြေညာ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG