သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်သဘောတူညီချက် အပြီးသတ်နိုင်ရေး ဆက်လက်ဆွေးနွေး

အစ္စရေးနဲ့ဟာမတ်စ်ကြားစစ်ပွဲတွေက တိုက်ခိုက်မှုတွေအတွင်း ဂါဇာကမ်းမြောင်ဒေသက မီးခိုးလုံးကြီးတွေကို အစ္စရေးတောင်ပိုင်းကနေ မြင်ရပုံ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၅)
အစ္စရေးနဲ့ဟာမတ်စ်ကြားစစ်ပွဲတွေက တိုက်ခိုက်မှုတွေအတွင်း ဂါဇာကမ်းမြောင်ဒေသက မီးခိုးလုံးကြီးတွေကို အစ္စရေးတောင်ပိုင်းကနေ မြင်ရပုံ။ (ဇန်နဝါရီ ၁၄၊ ၂၀၂၅)

အစ္စရေးနဲ့ဟာမတ်စ်အကြား ဂါဇာမှာဖြစ်နေတဲ့စစ်ပွဲအဆုံးသတ်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ စေ့စပ်ညှိနှိုင်းရေးမှူးတွေ ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကြိုးစားနေကြ ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို လေကြောင်းက ဒီကနေ့ တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

ဂါဇာက Khan Yunis နဲ့ Deir al-Balah တို့မှာရှိတဲ့ ဟာမတ်စ်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ပြောပါတယ်။ သဘောတူညီချက်ရနိုင်ဖို့ အတော်လေးနီးစပ်နေပြီလို့ အမေရိကန်နဲ့ ကာတာအရာရှိတွေက မနေ့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပေမယ့် သဘောတူညီချက်ပါ အချက်အလက် တချို့ကို အသေးစိတ်အချက်တချို့ကို ထပ်မံဆွေးနွေးဖို့ လိုနေသေးတယ်လို့ သတိပေး ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ အပစ်ရပ်ရေးသဘောတူညီချက်ရဖို့ အရင်ကထက် ပိုပြီး နီးစပ်လာနေပြီ ဖြစ်တဲ့အတွက် သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်း၊ ဒါပေမယ့် သဘောတူနိုင်ဖို့ ဟာမတ်စ်ဘက်က နောက်ဆုံး အဖြေပေးရမှာဖြစ်ကြောင်း ဝါရှင်တန်မြို့မှာ မနေ့ အင်္ဂါနေ့က ပြောပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Majed al-Ansari ကလည်း လက်ရှိ ဆွေးနွေးမှုတွေကနေ သဘောတူညီချက်ရဖို့အတွက် နောက်ဆုံးအဆင့်ကို ရောက်နေပြီလို့ ပြောပါတယ်။

အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်တဲ့ ကနဦးကာလတွေမှာ အစ္စရေးတပ်ဖွဲ့တွေ ဘယ်နေရာကနေ ဘယ်လောက်အထိ ဆုတ်ခွာပေးမယ်ဆိုတဲ့ အစ္စရေးဘက်ကတင်ပြလာမယ့် မြေပုံကို သူတို့အနေနဲ့ စောင့်နေကြောင်း ဟာမတ်စ်အဖွဲ့က ပြောပါတယ်။

ဂါဇာဒေသ အပစ်ရပ်သဘောတူညီချက် အပြီးသတ်နိုင်ရေး ဆက်လက်ဆွေးနွေး
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG