သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် အပစ်ရပ်ရေးဆွေးနွေးမှု တိုးတက်မှုရရှိ


အစ္စရေး-ဟာမတ်စ်စစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူညီချက်နိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ CNN ရုပ်သံမှာ ပြောတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan
အစ္စရေး-ဟာမတ်စ်စစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူညီချက်နိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ CNN ရုပ်သံမှာ ပြောတဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan

အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရနိုင်ဖို့ ကြိုးပမ်းနေကြတဲ့ စေ့စပ် ညှိနှိုင်းရေးမှူးတွေ မနေ့ညက အပစ်အခတ်ရပ်စဲရေးကိုဦးတည်တဲ့ သဘောတူညီချက်ရခဲ့ကြတယ်လို့ ဒီ ဆွေးနွေးမှုနဲ့ နီးစပ်တဲ့သူတွေက ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။

အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့က ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ဒီ စေ့စပ်ညှိနှိုင်းမှုတွေဟာ လပေါင်းများစွာ ကြာလာတဲ့အထိ တိုးတက်မှု တစုံတရာမရရှိဘဲဖြစ်နေခဲ့ရာက မကြာခင် အမေရိကန် မှာ အစိုးရသစ်အပြောင်းအလဲဖြစ်လာခါနီးမှာ သဘောတူညီမှုရနိုင်ဖို့ အရှိန်မြှင့်ဆောင်ရွက်လာကြတဲ့ အတွက် အခုလို တိုးတက်မှုရရှိလာတာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက် အခြေခံမူကြမ်းထဲမှာ အပစ်အခတ်ရပ်စဲရေး၊ ဟာမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ ဂါဇာကမ်းမြောင်မှာရှိတဲ့ ပါလက်စတိုင်းတွေအတွက် စာနာမှုအကူအညီတွေ တိုးမြင့် ပို့ရေးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

အစ္စရေး-ဟာမတ်စ်စစ်ပွဲ အဆုံးသတ်ရေးအတွက် သဘောတူညီချက်နိုင်ဖို့ အတော်လေး နီးစပ်နေပြီလို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က CNN ရုပ်သံ သတင်းဌာနနဲ့ မနေ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်။ ၁၅ လကျော် ကြာလာပြီဖြစ်ပြီး အခုချိန်ထိ ဖမ်းခံထားရဆဲဖြစ်တဲ့ ဓားစာခံ ၉၈ ယောက် ပြန်လွတ်မြောက်ရေး ကြိုးပမ်းနေကြတာပါ။ အဲဒီ ၉၈ ယောက်ထဲက အများစုဖြစ်တဲ့ ၃ ပုံ ၂ ပုံက အသက်ရှင်လျှက်ရှိနေသေးတယ်လို့ ယုံကြည်ထားကြပါတယ်။

သမ္မတ Joe Biden ကလည်း ဆွေးနွေးမှု တိုးတက် ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မနေ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်ရပ်ရေးဆွေးနွေးမှု တိုးတက်မှုရရှိ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG