သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကမ်းလှမ်းချက် ဟာမတ်စ်လက်ခံဖို့ ကန်မျှော်လင့်


အီဂျစ်နိုင်ငံ၊ ဂျော်ဒန်မြို့ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမေရိကန်-အာရပ်လေးနိင်ငံနဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲအဆုံးသတ်ရေး စည်းဝေးပွဲတက်ရောက်စဥ်။ (ဧပြီ ၂၉၊ ၂၀၂၄)
အီဂျစ်နိုင်ငံ၊ ဂျော်ဒန်မြို့ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အမေရိကန်-အာရပ်လေးနိင်ငံနဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲအဆုံးသတ်ရေး စည်းဝေးပွဲတက်ရောက်စဥ်။ (ဧပြီ ၂၉၊ ၂၀၂၄)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ဟာ ဂါဇာအပစ်အခတ်ရပ်စဲရေး အစ္စရေးရဲ့အဆိုပြုမှုကို အင်မတန်ရက်ရောတဲ့ကမ်းလှမ်းမှုလို့ တင်စားပြောဆိုပြီး ဒီ အဆိုပြုချက်ကို ဟာမတ်စ်ဘက်ကလက်ခံဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

၇ လကြာ အစ္စရေး-ဟာမတ်စစ်ပွဲ အဆုံးသတ်နိုင်ရေးအတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ အရှေ့အလယ်ပိုင်းဒေသကို ထပ်မံသွားရောက်ဆွေးနွေးနေပြီး အခု ဒီအဆိုပြုမှုကို 'ဟာမတ်စ်ဘက်က အလျင်အမြန် ဆုံးဖြတ်ဖို့လိုတယ်၊ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်တယ်' လို့ နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်က ဆော်ဒီနိုင်ငံ ရီယာဒ်မြို့မှာ ပြောပါတယ်။

အစ္စရေးဘက်က စစ်ဆင်ရေးတွေရပ်ပြီး အပြန်အလှန်အားဖြင့် ဂါဇာမှာဖမ်းထားတဲ့ ဓါးစားခံတွေပြန်လွှတ်ရေး သဘောတူညီချက်ရဖို့ ကာတာနိုင်ငံက ကြားဝင် ညှိနှိုင်းနေရာမှာ ဟာမတ်စ်ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်နိုင်ငံကို တနင်္လာနေ့မှာရောက်လာဖို့ ရှိပါတယ်။ အစ္စရေးရဲ့ ဂါဇာစစ်ဆင်ရေးကြောင့် လူ သုံးသောင်း လေးထောင် (၃၄,၀၀၀) ကျော်သေဆုံးခဲ့ပြီလို့ ဟာမတ်စ်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီအထဲမှာတော့ အစ္စရေးတို့ပြောနေတဲ့ သေဆုံးသွားတဲ့ ဟာမတ်စ် တိုက်ခိုက်ရေးသမား ထောင်ဂဏန်းလည်း ပါဝင်ပါတယ်။

အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူနိုင်မယ်ဆိုရင် ပါလက်စတိုင်းဒေသလုံခြုံရေးသဘောတူညီချက်အတွက် ဆော်ဒီနဲ့ဆွေးနွေးနေတာ ပြီးပြတ်တော့မယ်လို့ ဆော်ဒီရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကတော့ ပြောပါတယ်။ အစ္စရေးနဲ့ဆော်ဒီ နှစ်နိုင်ငံကြား ဆက်ဆံရေးပုံမှန်ဖြစ်လာစေဖို့လည်း အမေရိကန်နဲ့ ဆော်ဒီအာရေဗျ နိုင်ငံတို့ လုပ်ကိုင်ဆောင်ရွက်နေကြတယ်လို့လည်း ပြောပါတယ်။ ဒီလို ပုံမှန် ဆက်ဆံရေးဖြစ်လာဖို့ လိုအပ်ချက်နှစ်ခုကတော့ ဂါဇာဒေသတည်ငြိမ်ဖို့နဲ့ ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့် စိတ်ချရတဲ့လမ်းစဖြစ်လာစေဖို့ဖြစ်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဆော်ဒီအိမ်ရှေ့မင်းသား ဝန်ကြီးချုပ် Mohammed bin Salman နဲ့ တနာရီကြာတွေ့ဆုံ့ပြီး ဂါဇာနဲ့အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဆော်ဒီခရီးစဉ်ပြီးရင်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဂျော်ဒန်နဲ့ အစ္စရေးတို့ကိုသွားဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG