သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး ကန် အဆိုပြုချက် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်

ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီအစည်းအဝေး (မတ် ၂၂၊ ၂၀၂၄)
ဂါဇာအပစ်ရပ်ရေး လုံခြုံရေးကောင်စီအစည်းအဝေး (မတ် ၂၂၊ ၂၀၂၄)

ဂါဇာမှာ ရေရှည်ခံတဲ့ အပစ်အခတ်ရပ်စဲမှု ချက်ချင်း စတင်ဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ကမကထပြုတဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။

ဆာလောင်မွတ်သိပ် နေကြတဲ့ ပါလက်စတိုင်းသား ၂ သန်းကျော် အတွက် စာနာမှုအကူအညီတွေ ပေးနိုင်ဖို့နဲ့ အရပ်သား ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ အစ္စရေး−ဟာမတ် စစ်ပွဲ ချက်ချင်းရပ်စဲရေး အရေးတကြီး လိုအပ်နေတယ်လို့ ဒီဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဂါဇာမှာ အပစ်ရပ်ရေး တောင်းဆိုတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းတွေကို အရင်က အကြိမ်ကြိမ် ပယ်ချခဲ့တဲ့ အမေရိကန်ပြည်ထောင်စုက ဂါဇာမှာ ချက်ချင်းအပစ်ရပ်ဖို့ လိုအပ်နေတာကို ထောက်ပြတဲ့ မူကြမ်းလည်း ဖြစ်ပါတယ်။

ပိုမို ပြင်းထန်တဲ့ ဒီဆုံးဖြတ်ချက် မူကြမ်းသစ်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ထောက်ခံ အတည်ပြုလိမ့်မယ်လို့ အကောင်းမြင် မျှော်လင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ပြောပါတယ်။

တရုတ်နိုင်ငံကတော့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေး လုံခြုံရေးကောင်စီမှာ ကြိုးပမ်းနေတာတွေကို ထောက်ခံကြောင်း ဒီကနေ့ ပြောပေမဲ့ ဗီတိုအာဏာရ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတခု အနေနဲ့ မူကြမ်း မဲခွဲ ဆုံးဖြတ်တဲ့အချိန်မှာ ထောက်ခံမလား ဆိုတာတော့ မပြောပါဘူး။

နောက်ထပ် အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ရုရှားကတော့ အခုမူကြမ်းထဲမှာ အပစ်ရပ်ဖို့ “တောင်းဆို” တဲ့ စကားလုံးကို မသုံးထားဘဲ အပစ်ရပ်ဖို့ အရေးတကြီး လိုအပ်နေတယ် လိုသာ သုံးထားတာကို ထောက်ပြပြီး မူကြမ်းက အားနည်းနေတဲ့အကြောင်း ဝေဖန်ထားပါတယ်။

ဂါဇာမှာ ပိုမို ဆိုးရွားလာနေတဲ့ လူသားဘေးဒုက္ခ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ အရင်ကလည်း ဆုံးဖြတ်ချက် ၂ ရပ် ချခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီဆုံးဖြတ်ချက်တွေထဲမှာလည်း အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက် မပါခဲ့ပါဘူး။

ဂါဇာအပစ်ရပ်ရေး ကန် အဆိုပြုချက် လုံခြုံရေးကောင်စီ မဲခွဲဆုံးဖြတ်မည်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG