သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်သဘောတူညီချက် အပြီးသတ်ရေး ကာတာနိုင်ငံမှာဆွေးနွေး


အောက်တိုဘာ ၇ ရက်၊ ၂၀၂၃ ကတည်းက ဟာမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေပြန်လွတ်ရေး တဲလ်အဗစ်မြို့မှာ ဆန္ဒပြနေကြသူများ
အောက်တိုဘာ ၇ ရက်၊ ၂၀၂၃ ကတည်းက ဟာမတ်စ်တွေဖမ်းထားတဲ့ အစ္စရေးဓားစာခံတွေပြန်လွတ်ရေး တဲလ်အဗစ်မြို့မှာ ဆန္ဒပြနေကြသူများ

အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲနိုင်ဖို့ သဘောတူညီချက်တွေကို နောက်ဆုံးအချောသတ်ညှိ နှိုင်းနိုင်ဖို့ ကြားခံညှိနှိုင်းပေးသူတွေဟာ ဒီကနေ့ကာတာနိုင်ငံမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီဆွေးနွေးမှုနဲ့ နီးစပ်သူတွေကတော့ ဂါဇာဒေသအပစ်ရပ်ရေးကြိုးပမ်းမှုတွေဟာ ဒီရက်သတ္တပတ်အတွင်း အကောင်အထည် ပေါ်လာနိုင်တယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့တုန်းကလည်း သမ္မတဂျိုးဘိုင်ဒန်က အပစ်အခတ်ရပ်စဲရေးကြိုးပမ်းချက်တွေဟာ အကျိုးဖြစ်ထွန်းဖို့နီးစပ်နေပြီလို့ပြောခဲ့ပါတယ်။ အပစ်ရပ်ပြီး ဖမ်းဆီးထားတဲ့ဓားစာခံတွေကိုပြန်လွှတ်ဖို့၊ အစ္စရေးရဲ့လုံခြုံရေးအတွက်ဆောင်ရွက်ပေးဖို့နဲ့ ဂါဇာဒေသကို လုံလောက်တဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဒါတွေဟာ သဘောတူညီချက်အတွက် အခြေခံအချက်တွေဖြစ်တယ်လို့ သမ္မတဘိုင်ဒန်ကပြောကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းမှုတလျှောက် အဓိကပါဝင်တဲ့အချက်တွေကတော့ ဟာမတ်စ်ဘက်ကရော၊ အစ္စရေးဘက်ကပါ ဖမ်းဆီးထားသူတွေပြန်လွှတ်ပေးရေး၊ ဂါဇာကနေ အစ္စရေး တပ်တွေပြန်ဆုတ်ရေး၊ အိုးအိမ်စွန့် ခွါထွက်ပြေးရတဲ့ပါလက်စတိုင်းတွေနေရပ်ပြန်ရေး၊ အရပ်သား ပါလက်စတိုင်းတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးရေး စတဲ့အချက်တွေဖြစ်ပါတယ်။

၁၅ လကျော်ကြာပြီဖြစ်တဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲအဆုံးသတ်နိုင်ရေးမှာ အမေရိကန်ပြည်ထောင်စု၊ အီဂျစ်၊ ကာတာစတဲ့နိုင်ငံတွေက ကြားခံဝင်ရောက်ညှိနိုင်းပေးနေတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စ ဆက်လက်ဆောင်ရွက်နိုင်ဖို့ နောက်တက်လာမယ့်သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ အထူးကိုယ်စားလှယ် Steve Witkoff လည်း အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တယ်လို့ လက်ရှိ သမ္မတဘိုင်ဒင်အစိုးရလုံခြုံရေးအကြံပေး Jake Sullivan က တနင်္လာနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၇ ရက်မှာ ဟာမတ်စ်တွေက အစ္စရေးကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့ လူ ၁,၂၀၀ လောက်သေဆုံးခဲ့ပြီး ဓားစာခံအဖြစ် ၂၅၀ လောက်ကိုဖမ်းဆီးသွားခဲ့ပါတယ်။ အစ္စရေးဘက်က လက်တုံ့ပြန်တိုက်ခိုက်မှုအတွင်း ဂါဇာဒေသခံပါလက်စတိုင်း လေးသောင်းခြောက်ထောင် (၄၆,၀၀၀) လောက်သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဂါဇာဒေသ အပစ်ရပ်သဘောတူညီချက် အပြီးသတ်ရေး ကာတာနိုင်ငံမှာဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG