သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာကို အမေရိကန်ပိုင် ဖြစ်စေလိုကြောင်း သမ္မတထရမ့် ပြောကြား


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အိမ်ဖြူတော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပနေတဲ့ အမေရိကန်သမ္မတ Donald Trump (ဖေဖေါ်ဝါရီ ၄၊ ၂၀၂၅)
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ အိမ်ဖြူတော်မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပနေတဲ့ အမေရိကန်သမ္မတ Donald Trump (ဖေဖေါ်ဝါရီ ၄၊ ၂၀၂၅)

စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ဂါဇာကမ်းမြောင်ကို အမေရိကန်ကပိုင်ဆိုင်လိုကြောင်း သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ စစ်ပွဲတွေကြားပိတ်မိနေကြတဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေ ကို အိမ်နီးချင်း ဂျော်ဒန်နဲ့အီဂျစ်နိုင်ငံတို့ကို ပြောင်းရွှေ့နေရာချထားဖို့ အရင်က ပြောခဲ့တဲ့စကားထက် ကျော်လွန်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“အမေရိကန်က ဂါဇာကမ်းမြောင်ကို ထိန်းချုပ်ပြီး ကောင်းမွန်လာအောင် လုပ်ဆောင်သွားပါမယ်။ အဲဒီမှာရှိနေတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေနဲ့ တခြားအန္တရာယ်ရှိတဲ့လက်နက်တွေကို ဖယ်ရှားပေး ပါမယ်။ ပျက်စီးနေတဲ့ အဆောက်အဦး အကျိုးအစတွေအားလုံးကိုလည်း ဖယ်ရှားပေးပါမယ်။ မရေတွက်နိုင်တဲ့လူတွေအတွက် အလုပ်အကိုင်ရအောင် ဆောင်ရွက်ပေးပါမယ်။ အဲဒီမှာရှိတဲ့လူတွေ အတွက် အိမ်တွေ ဆောက်ပေးပါမယ်” - လို့ သမ္မတ Trump က ပြောသွားတာပါ။

ဂါဇာကမ်းမြောင်ဒေသကို အမေရိကန်ကထိန်းချုပ်ပြီး တာဝန်ယူလိုကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က အိမ်ဖြူတော်မှာ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။ ဂါဇာကို အရှေ့အလယ်ပိုင်းဒေသရဲ့ အပန်းဖြေဒေသအဖြစ် ပြောင်းလဲပစ်လိုတယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြားရရှိခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဂါဇာ ဒေသခံတွေကို အစ္စရေးက နေရပ်ပြန်ခွင့်ပြလိုက်တဲ့အတွက် လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း ဒေသခံတွေ ဂါဇာမြောက်ပိုင်းက သူတို့နေအိမ်တွေရှိရာကို ပြန်လာနေကြပါတယ်။

ဒီအချိန်မှာပဲ သမ္မတ Trump က ဂါဇာကို အမေရိကန်က ပိုင်ဆိုင်လိုတယ်ဆိုတဲ့ ပြောဆိုလိုက်တဲ့အပေါ် ဂါဇာဒေသခံတွေအပြင် အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ ပြင်သစ်၊ စပိန်နဲ့ ဗြိတိန်၊ ဘရာဇီးနဲ့ တရုတ်နိုင်ငံတို့ကလည်း ကန့်ကွက်ကြပါတယ်။ အမေရိကန်ရဲ့ပြိုင်ဘက် ရုရှားကတော့ ဂါဇာကိစ္စနဲ့ပတ်သက်လို့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်ရေးမူကိုဘဲ ဆက်လက် ထောက်ခံကြောင်း ပြောပါတယ်။

ဂါဇာကို အမေရိကန်ပိုင် ဖြစ်စေလိုကြောင်း သမ္မတထရမ့် ပြောကြား
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG