သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထရမ့်ရဲ့အထူးသံ Witkoff ဂါဇာငြိမ်းချမ်းရေးကြိုးပမ်း


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု Benjamin Netanyahu နဲ့ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff တို့ စနေနေ့မှာ တွေ့ဆုံ။ (Reuters)
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု Benjamin Netanyahu နဲ့ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff တို့ စနေနေ့မှာ တွေ့ဆုံ။ (Reuters)

အီဂျစ်နဲ့ ကာတာက စေ့စပ်ပေးနေသူတွေဟာ မကြာမီ စစ်ပွဲအဆုံးသတ်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တရားမျှတတဲ့ သဘောတူညီချက်ရဖို့ ဆက်လက် လုပ်ဆောင်မယ့် အာမခံချက်ကို Witkoff ဆီကနေ ရရှိထားတယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဂါဇာကမ်းမြောင်မှာ အပစ်ရပ်ရေး သဘောတူညီချက် တရပ်ရဖို့ ကြိုးစားနေချိန်မှာပဲ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) နဲ့ စနေနေ့မှာ တွေ့ဆုံခဲ့ကြောင်း နေတန်ယာဟုရုံးက သတင်းထုတ်ပြန်ပါတယ်။

ထရမ့်ရဲ့ အထူးသံတမန် Witkoff ဟာ သောကြာနေ့ကလည်း ဒိုဟာကို သွားပြီး ကာတာဝန်ကြီးချုပ် ရှိတ်မိုဟာမက် အဗ္ဗဒူရာမန် အယ်လ် သန်နီ (Sheikh Mohammed bin Abdulrahman Al Thani) နဲ့ တွေ့ဆုံခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အီဂျစ်နဲ့ ကာတာက စေ့စပ်ပေးနေသူတွေဟာ မကြာမီ စစ်ပွဲအဆုံးသတ်နိုင်ဖို့အတွက် အမေရိကန်အနေနဲ့ တရားမျှတတဲ့ သဘောတူညီချက်ရဖို့ ဆက်လက် လုပ်ဆောင်မယ့် အာမခံချက်ကို Witkoff ဆီကနေ ရရှိထားတယ်လို့ အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။


တပြိုင်တည်းမှာပဲ ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား သဘောတူညီချက် တခုရရှိနိုင်ဖို့ အီဂျစ်၊ ကာတာနဲ့ အမေရိကန်တို့က ကြားဝင်စေ့စပ်ပေးနေတာမှာ တဆင့်ကြားခံ ပြောဆိုဆွေးနွေးမှုတွေက တိုးတက်မှုတချို့ ရှိကြောင်းလည်း အစ္စရေးအရာရှိတဦးက စနေနေ့ အစောပိုင်းမှာ ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက် ထရမ့် သမ္မတ ရာထူးတာဝန် စတင် မထမ်းဆောင်မီ ဟားမတ်စ်လက်ထဲမှာ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို လွှတ်ပေးရေး သဘောတူညီချက်ရရှိဖို့ ကြားဝင် ဖျန်ဖြေသူတွေက အသစ်တဖန် ကြိုးပမ်းဆောင်ရွက်နေကြတာပါ။

သဘောတူညီချက်ရဖို့ ဆွေးနွေးနေကြတဲ့အထဲမှာ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ ပါလက်စတိုင်းအကျဉ်းသားအချို့ကို အစ္စရေးဘက်က ပြန်လွှတ်ပေးရေးမယ့် အချက်လည်း ပါဝင်ပါတယ်။

တဘက်မှာလည်း ဂါဇာမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး မြောက်ပိုင်းက Jabalia မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေတဲ့ မိသားစုတွေ ခိုလှုံရာ စာသင်ကျောင်းဟောင်းကို အစ္စရေး လေကြောင်းက တိုက်ခိုက်မှုအတွင်း အမျိုးသမီး နှစ်ဦးနဲ့ ကလေး နှစ်ဦး အပါအဝင် လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အရေးပေါ်ဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ထရမ့်ရဲ့အထူးသံ Witkoff ဂါဇာငြိမ်းချမ်းရေးကြိုးပမ်း
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG