သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းသားတွေ ဂါဇာမှာ ပြန်အခြေချရေး ဖြစ်နိုင်ခြေမရှိ (သမ္မတ Trump)


သမ္မတအိမ်ဖြူတော်တွင် တွေ့ရသည့် သမ္မတထရမ့်ပ်နှင့် အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP Photo/Alex Brandon)
သမ္မတအိမ်ဖြူတော်တွင် တွေ့ရသည့် သမ္မတထရမ့်ပ်နှင့် အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (AP Photo/Alex Brandon)

ယာယီ အပစ်ရပ်ရေး သဘောတူညီချက်မှာ ပါသလို ဂါဇာ ပြန်လည်ထူထောင်ရေး အချိန်ဇယားက အလုပ်မဖြစ်နိုင်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အကြံပေးတွေက အင်္ဂါနေ့မှာ ပြောလိုက်ကြပါတယ်။

ပါလက်စတိုင်းတွေအတွက် မြေတနေရာပေးပြီး အဲဒီမှာ တည်ဆောက်ပေးတာက ဂါဇာကို ပြန်သွားတာထက် ပိုကောင်းမယ်လို့လည်း သမ္မတထရမ့်က ပြောလိုက်ပါတယ်။ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ အိမ်ဖြူတော်မှာ မတွေ့မီလေးမှာ ထရမ့်က ခုလို ပြောလိုက်တာပါ။

အစ္စရေးလ်-ဟာမတ်စ် အပစ်ရပ်ရေး သဘောတူညီချက် တည်မြဲမယ်ဆိုတာကို သူ အာမမခံနိုင်ဘူး လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္လာနေ့တုန်းကလည်း သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြောခဲ့ပါတယ်။

သမ္မတထရမ့်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz တို့နဲ့ ဆွေးနွေးခဲ့တာ ရင်းနှီး အပြုသဘောဆောင်တယ်လို့ ကြေညာချက်မှာ နေတန်ယာဟုက ပြောပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တို့ ဆွေးနွေးကြရာမှာ အစ္စရေးလ်-ဆော်ဒီအာရေဗျ သဘောတူညီချက်၊ အီရန် နျူကလီယား အစီအစဥ်နဲ့ ဂါဇာ အပစ်ရပ်ရေး ဒုတိယအဆင့်ကိစ္စတွေ ပါဝင်မယ်လို့ မျှော်လင့်ထားကြတာပါ။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က နိုဝင်ဘာလမှာ ဖမ်းဝရမ်း ထုတ်လိုက်ပြီးတဲ့နောက် ဒီခရီးဟာ အစ္စရေးလ်ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဥ်လည်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက အိုင်စီစီစာချုပ်ကို လက်မှတ် ထိုးမထားတာကြောင့် အိုင်စီစီ ဖမ်းဝရမ်း က အမေရိကန်မှာ သက်ရောက်မှု မရှိပါဘူး။

ပါလက်စတိုင်းသားတွေ ဂါဇာမှာ ပြန်အခြေချရေး ဖြစ်နိုင်ခြေမရှိ (သမ္မတ Trump)
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG