သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအရေး အစ္စရေးဝန်ကြီးချုပ် သမ္မတထရမ့်နဲ့ ဆွေးနွေးမည်

အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ သမ္မတအိမ်တော်မှာ ၂၀၂၀ တုန်းက တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)
အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ အမေရိကန်သမ္မတ ထရမ့်တို့ သမ္မတအိမ်တော်မှာ ၂၀၂၀ တုန်းက တွေ့ဆုံခဲ့စဉ် (ပုံဟောင်း)

အမေရိကန်သမ္မတ Donald Trump နဲ့ တွေ့ဆုံရာမှာ အီရန်အပေါ် တန်ပြန်တာ၊ အာရပ်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့တာတွေနဲ့အတူ ဟားမတ်စ်တွေအပေါ် အောင်ပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

လာမယ့်အင်္ဂါနေ့ အိမ်ဖြူတော်မှာ အစ္စရေးဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုဟာ သမ္မတထရမ့် ဒုတိယအကြိမ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး နိုင်ငံတကာခေါင်းဆောင် တယောက်ကို လက်ခံတွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသမှာ စစ်ရှိန်လျှော့ချပြီး၊ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးရေး နောက်တဆင့် သဘောတူညီမှုရဖို့ အမေရိကန်နဲ့ အာရပ်နိုင်ငံတွေ အပြင်းအထန် ကြိုးစားနေချိန်မှာပဲ အစ္စရေးဝန်ကြီးချုပ် အမေရိကန် သမ္မတနဲ့ တွေ့ဆုံဖို့ စီစဉ်ခဲ့တာပါ။

ပြီးခဲ့တဲ့လထဲ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရခဲ့ပြီးနောက် ဂါဇာဒေသကို ပြန်လည်ထိန်းချုပ်ထားတဲ့ ဟားမတ်စ်အဖွဲ့ကတော့ စစ်ပွဲအဆုံးသတ်ပြီး အစ္စရေးတပ်ဖွဲ့တွေ အပြည့်အဝ ပြန်မရုပ်သိမ်းမချင်း ဓားစာခံတွေ ပြန်လွှတ်ပေးမယ့် သဘောတူညီချက် နောက်တဆင့်ကို လက်ခံမှာ မဟုတ်ကြောင်း ပြောဆိုထားပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် မတ်လဆန်းမှာ အဆုံးသတ်တဲ့အခါ စစ်ပွဲပြန်စဖို့ အစ္စရေး ညွန့်ပေါင်းအစိုးရထဲက လက်ယာစွန်း နိုင်ငံရေးသမားတွေ ဖိအားပေးခံနေရတဲ့ ဝန်ကြီးချုပ် Netanyahu ကတော့ ဟားမတ်စ်အဖွဲ့အပေါ် အောင်ပွဲခံနိုင်ဖို့နဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ အစ္စရေးကို ကျုးကျော်တိုက်ခိုက်ပြီး ဖမ်းဆီးသွားတဲ့ ဓားစာခံတွေ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း ပြောဆိုထားပါတယ်။

This item is part of

Forum

XS
SM
MD
LG