သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် တတိယအကြိမ် အကျဉ်းသားလဲလှယ်


အစ္စရေးစစ်သမီး Agam Berger ဓားစာခံလဲလှယ်ရေးအစီအစဥ်အရ ပြန်လွတ်လာပြီး မိဘများနဲ့တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၃၀၊ ၂၀၂၅)
အစ္စရေးစစ်သမီး Agam Berger ဓားစာခံလဲလှယ်ရေးအစီအစဥ်အရ ပြန်လွတ်လာပြီး မိဘများနဲ့တွေ့ဆုံစဥ်။ (ဇန်နဝါရီ ၃၀၊ ၂၀၂၅)

အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအရ ဖမ်းဆီးထားတဲ့ဓါးစာခံတွေနဲ့ အကျဉ်းသားတွေကို တတိယအကြိမ် ဒီနေ့ လဲလှယ်ခဲ့ကြပြီး အစ္စရေး ၃ ယောက်နဲ့ နိုင်ငံခြားသား ၅ ယောက်အပါအဝင် ဓါးစာခံ ၈ ယောက် ပြန်လည် လွတ်မြောက်လာခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အကျဥ်းသားလဲလှယ်ရေးအစီအစဥ်အရ အစ္စလာမ်မစ်ဂျီဟတ်တိုက်ခိုက်ရေးသမားတွေက ကြက်ခြေနီအသင်းရှိရာ ခန်ယူနစ်စ်ကိုရောက်လာစဥ်။ (ဇန်နဝါရီ ၃၀၊ ၂၀၂၅)
အကျဥ်းသားလဲလှယ်ရေးအစီအစဥ်အရ အစ္စလာမ်မစ်ဂျီဟတ်တိုက်ခိုက်ရေးသမားတွေက ကြက်ခြေနီအသင်းရှိရာ ခန်ယူနစ်စ်ကိုရောက်လာစဥ်။ (ဇန်နဝါရီ ၃၀၊ ၂၀၂၅)

အစ္စရေးစစ်သား Agam Berger ကို ဂါဇာမြောက်ပိုင်း Jabaliya ဒုက္ခသည်စခန်းက ကြက်ခြေနီအဖွဲ့ဆီ ပြန်လွှတ်ပေးလိုက်ပြီး အဲဒီကနေတဆင့် အစ္စရေးမှာရှိတဲ့ မိသားစုတွေဆီကို ပြန်ရောက်လာခဲ့ပါတယ်။ ရန်သူတွေရဲ့လက်ထက်မှာ ၄၈၂ ရက်ကြာ ဖမ်းခံရပြီးတဲ့နောက် Agam ဟာ သူတို့ဆီကို ပြန်ရောက်လာခဲ့ ပြီလို့ သူ့မိသားစုက ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အဲဒီနောက် နာရီပိုင်းအကြာမှာပဲ အစ္စရေး ၂ ယောက်နဲ့ နိုင်ငံခြားသား ၅ ယောက်ကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ဆီ လွှဲပြောင်းပေးလိုက်ပြီးတော့ အဲဒီကနေ အစ္စရေးတပ်ဖွဲ့တွေဆီကို ပို့ဆောင်ပေးနေပြီ လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ဒီနေ့ လွှတ်ပေးလိုက်တဲ့အထဲမှာ ထိုင်းနိုင်ငံသား ၅ ယောက် ပါမယ်လို့ ခန့်မှန်းနေကြပါတယ်။

တချိန်တည်းမှာပဲ အစ္စရေးဘက်ကလည်း ဖမ်းဆီးထားတဲ့ပါလက်စတိုင်း အကျဉ်းသား ၁၁၀ ကို ဒီနေ့ လွှတ်ပေးသွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တခေါက် ဒုတိယအကြိမ် အကျဉ်းသားလဲလှယ်တဲ့ အစီအစဉ်တုန်းကတော့ ဟာမတ်စ်ဘက်က ဂါဇာမှာဖမ်းထားတဲ့ ဓါးစာခံ ၇ ယောက်ကိုလွှတ်ပေးခဲ့ပြီး အစ္စရေးဘက်က အကျဉ်းသား ၃၀၀ ကို လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ လာမယ့် စနေနေ့မှာတော့ ဟာမတ်စ်ဘက်က နောက်ထပ် ဓါးစားခံ ၃ ယောက်ကို လွှတ်ပေးသွားမှာဖြစ်ပြီး အစ္စရေးက ပါလက်စတိုင်း အကျဉ်းသားတွေ ဒါဇင်နဲ့ချီ လွှတ်ပေးသွားဖို့ ရှိနေပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ သံတမန် Steve Witkoff နဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu တို့ အပစ်အခတ်ရပ်စဲရေးကိစ္စ ပိုပြီးခိုင်မာအားကောင်း လာအောင် ဆွေးနွေးဖို့အတွက် မနေ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ဟာ အမေရိကန်သမ္မတ Donald Trump ရဲ့ ဖိတ်ကြားချက်အရ အခုသီတင်းပတ်အကုန်မှာ ဝါရှင်တန်ဒီစီကို လာရောက်ပြီးတော့ အိမ်ဖြူတော်မှာ အင်္ဂါနေ့ကျရင် တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါဟာ သမ္မတ Trump ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံးတွေ့ဆုံမယ့် ပြည်ပနိုင်ငံခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။

အစ္စရေး-ဟာမတ်စ် တတိယအကြိမ် အကျဉ်းသားလဲလှယ်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG