သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟားမတ်(စ်)နဲ့အစ္စရေးလ် ဓားစာခံနဲ့အကျဉ်းသားတွေ ပြန်လွှတ်ကြဦးမည်


ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ဓါးစာခံအကျဥ်းသား လဲလှယ်ရေးအရပြန်လွတ်လာသူတချို့ကို ဂါဇာတောင်ပိုင်း ခန်းယူနစ်ဒေသမှာ မြင်တွေ့ရ။
ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား ဓါးစာခံအကျဥ်းသား လဲလှယ်ရေးအရပြန်လွတ်လာသူတချို့ကို ဂါဇာတောင်ပိုင်း ခန်းယူနစ်ဒေသမှာ မြင်တွေ့ရ။

ဂါဇာ အပစ်ရပ်ရေး သဘောတူညီချက်အရ အစ္စရေးနဲ့ ဟားမတ်စ်တွေကြား အကျဉ်းသား လဲလှယ်ရေး အစီအစဉ် စတုတ္ထ အသုတ်အဖြစ် ဟားမတ်စ်တွေဘက်က ဓါးစာခံ ၃ ဦးနဲ့ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို စနေနေ့မှာ ထပ်လွှတ်ပေးမယ်လို့ ဟားမတ်စ်ကရော အစ္စရေးကပါ အတည်ပြုပါတယ်။

ဓါးစာခံတွေထဲမှာ ၂၀၂၃ အောက်တိုဘာ ၇ ရက်က အဖမ်းခံခဲ့ရတဲ့ အသက် ၃၅ နှစ်အရွယ် Yarden Bibas လည်းပါပါတယ်။ သူနဲ့အတူ အဖမ်းခံရတဲ့ သူ့ဇနီးနဲ့ အသက် ၂ နှစ်နဲ့ ၅ နှစ်အရွယ် သား ၂ ဦး တို့ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။

မြောက်ကာရိုလိုင်းနား ပြည်နယ်က အမေရိကန်−အစ္စရေး နိုင်ငံသား Keith Siegel လည်း ပြန်လွတ်မယ့်အထဲ ပါဝင်ပြီး သူနဲ့အတူ အဖမ်းခံရသူ ဇနီးသည် Aviva Siegel ကတော့ ၂၀၂၃ နိုဝင်ဘာ အပစ်ရပ်ချိန်က ပြန်လွတ် လာခဲ့တာပါ။

နောက်တယောက်ကတော့ ပြင်သစ်-အစ္စရေး နိုင်ငံသား Ofer Kalderon ဖြစ်ပါတယ်။ သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဇနီးနဲ့ ကလေး ၂ ယောက်ကတော့ ၂၀၂၃ မှာ ပြန်လွတ်လာခဲ့ပါတယ်။

ကြာသပတေးနေ့က ထိုင်းနဲ့ အစ္စရေး ဓါးစာခံ ၈ ဦးကို ဟားမတ်စ်တွေက ပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း တသက်တကျွန်း ပြစ်ဒဏ်ချထားသူ ၃၂ ဦး အပါအဝင် ပါလက်စတိုင်း အကျဉ်းသား ၁၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီတကြိမ် အပစ်ရပ်သဘောတူညီချက်အပြီး ဂါဇာမြောက်ပိုင်းကို ပြန်လာတဲ့ ပါလက်စတိုင်း ၄ သိန်း ၂ သောင်းကျော် ရှိနေပါပြီ။ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP ကနေ ဂါဇာဒေသထဲကို လူသားချင်းစာနာမှု အကူအညီ တွေ ပေးနေပြီလို့ သောကြာနေ့ ဂျနီဗာ ကုလ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အပစ်ရပ်စတင်တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ ဆိုရင် စားနပ်ရိက္ခာ တန်ချိန်ပေါင်း ၃ သောင်း ၂ ထောင်ကျော် ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

ဟားမတ်(စ်)နဲ့အစ္စရေးလ် ဓားစာခံနဲ့အကျဉ်းသားတွေ ပြန်လွှတ်ကြဦးမည်
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG