သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓားစာခံ ၃ ယောက် ထပ်မံလွတ်မြောက်


ဟားမတ်စ်က အစ္စရေး-အမေရိကန် Keith Siegel ကို လွှတ်ပေး (REUTERS/Dawoud Abu Alkas)
ဟားမတ်စ်က အစ္စရေး-အမေရိကန် Keith Siegel ကို လွှတ်ပေး (REUTERS/Dawoud Abu Alkas)

အစ္စရေး-ဟားမတ်စ် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်အရ ဟားမတ်စ်ဘက် ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ဟားမတ်စ်က ထပ်လွှတ်ပေးလိုက်ပါတယ်။

အသက် ၅၄ နှစ်ရွယ် ပြင်သစ်အစ္စရေး Ofer Kaldernon နဲ့ အသက် ၃၅ နှစ်ရွယ် Yarden Bibas တို့ကို ဂါဇာတောင်ပိုင်း Khan Younis မြို့မှာ ကြက်ခြေနီအဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် အသက် ၆၅ နှစ်ရွယ် အစ္စရေး-အမေရိကန် Keith Siegel ကိုတော့ Gaza City ဆိပ်ကမ်းကမ်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အပြန်အလှန်အားဖြင့် ဒီကနေ့ စနေနေ့မှာ အစ္စရေးဘက်က ပါလက်စတိုင်းအကျဉ်းသား ၉၀ ကို ပြန်လွှတ်ပေးဖို့ သဘောတူထားပါတယ်။ ဒါပေမဲ့ အရေအတွက်ကို ၁၈၃ ဦးအထိ တိုးထားပြီး၊ ဒီကနေ့နောင်းပိုင်းမှာ အစ္စရေးက လွှတ်ပေးမယ်လို့ မျော်လင့်ရကြောင်း ပါလက်စတိုင်းအရေး လှုပ်ရှားတဲ့အဖွဲ့တခုက ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းကတော့ ထိုင်းနိုင်ငံသား ၅ ဦးအပါအဝင် ဓားစားခံ ၈ ဦးကို ဟားမတ်စ်ဘက်က လွှတ်ပေးခဲ့ပြီး၊ အစ္စရေးဘက် ပါလက်စတိုင်းအကျဉ်းသား ၁၁၀ ကို လွှတ်ပေးခဲ့ပါတယ်။

Forum

XS
SM
MD
LG