သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ဒုက္ခသည်တွေ အာရပ်နိုင်ငံတွေက ပိုမိုလက်ခံဖို့ သမ္မတထရမ့် လိုလား

အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဒုက္ခသည်တွေကို ဂျော်ဒန်၊ အီဂျစ်နဲ့ တခြားအာရပ်နိုင်ငံတွေက ပိုမိုလက်ခံပြီး၊ စစ်ဒဏ်သင့်ဒေသကို အသစ်ဖြစ်အောင် ရှင်းလင်းပစ်လိုကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာနဲ့ ဆက်သွယ်ပြောဆိုရာမှာ သူ့အယူအဆကို ဆွေးနွေးခဲ့သလို၊ အီဂျစ်သမ္မတနဲ့ ဒီကနေ့ စကားပြောတဲ့အခါ ဆွေးနွေးမယ်လို့လည်း စနေနေ့က အမေရိကန်သမ္မတ အထူးလေယာဉ် Air Force One မှာ မိနစ် ၂၀ ကြာ သတင်းထောက်တွေနဲ့ အမေးအဖြေ လုပ်ရာမှာ ပြောခဲ့တာပါ။

သတင်းထောက်တွေနဲ့ မေးမြန်းခန်းမှာပဲ အရင်အစိုးရလက်ထက် ရပ်ဆိုင်းထားခဲ့တဲ့ အစ္စရေးကို ပေါင် ၂ ထောင်ဗုံးတွေ ပေးပို့မယ့်အစီအစဉ် ခွင့်ပြုလိုက်ကြောင်းလည်း သမ္မတထရမ့်က ပြောပါတယ်။ အစ္စရေးကို ဗုံးတွေပေးမယ့် အစီအစဉ်ကိုတော့ အခုအခါ အပစ်အခတ် ရပ်စဲထားတဲ့ ဟာမတ်စ်တွေနဲ ဂါဇာဒေသ စစ်ပွဲအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဆိုင်းငံ့ခဲ့တာပါ။

အစ္စရေးက ဝယ်ယူထားပြီးသား ဖြစ်တာကြောင့် ဗုံးတွေပေးမယ့် အစီအစဉ် ဆိုင်းငံ့ထားတာကို အဆုံးသတ်ခဲ့တာလို့လည်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG