သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်း ပြည်သူတွေ ရွှေ့ပြောင်းရေး UAE လက်မခံ 


U.S. Secretary of State Marco Rubio, center, walks with United Arab Emirates President Sheikh Mohamed bin Zayed Al Nahyan as they meet at ADNEC Centre Abu Dhabi in Abu Dhabi, United Arab Emirates, Feb. 19, 2025.
U.S. Secretary of State Marco Rubio, center, walks with United Arab Emirates President Sheikh Mohamed bin Zayed Al Nahyan as they meet at ADNEC Centre Abu Dhabi in Abu Dhabi, United Arab Emirates, Feb. 19, 2025.

အာရပ်စော်ဘွားများ ပြည်ထောင်စု UAE နိုင်ငံ သမ္မတ Sheikh Mohammed bin Zayed Al Nahyan က ပါလက်စတိုင်းတွေကို သူတို့ရဲ့ မြေပေါ်ကနေ ရွှေ့ပြောင်းစေမယ့် ကြိုးပမ်းချက်မှန်သမျှကို လက်မခံနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က အဘူဒါဘီကို လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရိုဘီယို (Marco Rubio) ကို ပြောလိုက်ပါတယ်။ ယူအေအီးနိုင်ငံပိုင်မီဒီယာမှာ အဲဒီ ပြောကြားချက်ကို ဖော်ပြခဲ့ပြီး သမ္မတက ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို တားဆီးဖို့ လိုအပ်ကြောင်း အလေးထားပြောခဲ့တယ်လို့ ဆိုပါတယ်။

“ဒေသတွင်း တည်ငြိမ်မှုကို အာမခံတဲ့ တခုတည်းသော နည်းလမ်း ဖြစ်တဲ့ နှစ်ပြည်ထောင်နဲ့ ပြဿနာ ဖြေရှင်းချက်အပေါ် အခြေခံကာ ကျယ်ပြန့်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ ဂါဇာကမ်းမြောင် ပြန်လည်တည်ဆောက်ရေး အရေးပါမှုကိုလည်း သူက အလေးပေးပြောခဲ့တယ်” လို့ ယူအေအီး မီဒီယာမှာ ဖော်ပြပါတယ်။ ပါလက်စတိုင်းတွေ ဂါဇာကမ်းမြောင်ဒေသကနေ ထွက်ခွာပြီး တခြားနိုင်ငံတွေမှာ အခြေချဖို့နဲ့ အမေရိကန်က ပါလက်စတိုင်းနယ်မြေကို ပြန်လည်တည်ဆောက်ဖို့ အမေရိကန်သမ္မတ Donald Trump က အကြံပြုထားတဲ့ အစီအစဉ်တွေကို အာရပ်ခေါင်းဆောင်တွေက ပယ်ချနေကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုရဲ့ ခရီးစဉ်ထဲမှာ ယူအေအီး အပြင် အစ္စရေးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့လည်း ပါဝင်ပါတယ်။ ဂါဇာကမ်းမြောင်မှာ အစ္စရေးနှင့် ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပထမအဆင့် နောက်ဆုံးရက်သီတင်းပတ်တွေ ဝင်လာချိန်မှာ ရူဘီယိုရဲ့ ခရီးစဥ်ထွက်ပေါ် လာတာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာ ဖမ်းဆီးထားထားတဲ့ အစ္စရေးလ် ဓားစာခံ ခြောက်ဦးကို စနေနေ့မှာ ပြန်လွှတ်ပေးမှာ ဖြစ်ပြီး ဓားစာခံ လေးဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ကြာသပတေးနေ့မှာ ပြန်လည် လွှဲပြောင်းပေးဖို့ စီစဉ်နေကြောင်း ဟာမတ်စ် ထိပ်တန်းခေါင်းဆောင် တဦးက အင်္ဂါနေ့က ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG