သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းတွေ ပြန်လည်နေရာချထားရေး အာရပ်အဖွဲ့ချုပ် ပယ်ချ 


အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul Gheit
အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul Gheit

ဂါဇာကမ်းမြောင်က ပါလက်စတိုင်းဒုက္ခသည်တွေကို ပြန်လည်နေရာချထားမယ့် ဘယ်လိုအစီအစဉ်မျိုး ကိုမှ လက်ခံနိုင်မှာမဟုတ်ကြောင်း အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် Ahmed Aboul Gheit က ပြောလိုက်ပါတယ်။

ဂါဇာဒေသက စစ်ဒဏ်သင့်ပါလက်စတိုင်း ခန့်မှန်းခြေနှစ်သန်းလောက်ကို ပြန်လည်နေရာချထားဖို့ အမေရိကန်သမ္မတ Donald Trump ရဲ့ အဆိုပြုချက်ဟာ ဒေသတွင်းငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိခိုက်စေပြီး အကျပ်အတည်းတွေဆီဦးတည်စေလိမ့်မယ်လို့ ကမ္ဘာ့အစိုးရများထိပ်သီးညီလာခံမှာ အာရပ်အဖွဲ့ချုပ်အကြီးအကဲက ပြောလိုက်တာပါ။ နှစ်ပေါင်းရာနဲ့ချီပြီး ဒီအယူအဆကိုတွန်းလှန်ခဲ့တဲ့ အာရပ်ကမ္ဘာအတွက်တော့ ဒါဟာ လက်မခံနိုင်စရာပါပဲလို့လည်း ပြောပါတယ်။

ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာကလည်း ဂါဇာကမ်းမြောင်ဒေသနဲ့ အနောက်ဘက်ကမ်းဒေသ တွေကနေ ပါလက်စတိုင်းသားတွေကို ရွှေ့ပြောင်းမယ့်အစီအစဉ်ကို အခိုင်အမာဆန့်ကျင်ကြောင်း အင်္ဂါနေ့က သမ္မတ Trump နဲ့ ဆွေးနွေးပြီးနောက် ပြောဆိုခဲ့တာပါ။ ‘ပါလက်စတိုင်းတွေကို ရွှေ့ပြောင်း တာမျိုးမလုပ်ဘဲ ဂါဇာကိုပြန်လည်တည်ဆောက်ဖို့နဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းခြင်းက အားလုံးအတွက် ဦးစားပေးဖြစ်သင့်ပါတယ်’ လို့လည်း ဂျော်ဒန်ဘုရင်က X လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် အာမခံချက်ရရှိရေး သမ္မတ Trump ရဲ့ အခန်းကဏ္ဍ အရေးကြီးကြောင်းပြောဆိုခဲ့သလို ပဋိပက္ခတွေအဆုံးသတ်အောင် ကြိုးပမ်းဖို့လည်း အမေရိကန်နဲ့ သက်ဆိုင်သူအားလုံးကို တောင်းဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတ Donald Trump အစိုးရအဖွဲ့တော့ ဂါဇာကိုရယူပြီး ပြန်လည်တည်ဆောက်ဖို့ အဆိုပြုထားတာပါ။ ဒီအစီအစဥ်ထက် ပိုကောင်းတဲ့အစီအစဥ်ရှိရင် ပြောပါလို့လည်း ဂါဇာကိုရယူမယ့် အမေရိကန်ရဲ့အစီအစဥ်အပေါ် ဝေဖန်သူတွေကို အမျိုးသားလုံခြုံရေး အကြံပေး Mike Waltz က တုံ့ပြန် ပြောဆိုထားပါတယ်။

ပါလက်စတိုင်းတွေ ပြန်လည်နေရာချထားရေး အာရပ်အဖွဲ့ချုပ် ပယ်ချ
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG