သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ရဲ့ ဂါဇာ အစီအစဉ်မှာ ပါလက်စတိုင်းတွေ ပြန်နေခွင့် မပါ

သမ္မတထရမ့်နှင့် အစ္စရေးလ်ဝန်ကြီးချုပ်တို့ တွေ့ဆုံနေချိန် ကန့်ကွက်ဆန္ဒပြနေသည့် ပါလက်စတိုင်းထောက်ခံသူ ဂျူးလူမျိုးများ။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)
သမ္မတထရမ့်နှင့် အစ္စရေးလ်ဝန်ကြီးချုပ်တို့ တွေ့ဆုံနေချိန် ကန့်ကွက်ဆန္ဒပြနေသည့် ပါလက်စတိုင်းထောက်ခံသူ ဂျူးလူမျိုးများ။ (၄ ဖေဖော်ဝါရီ ၂၀၂၅) (Reuters)

ပါလက်စတိုင်းတွေ ဂါဇာကိုပြန်လာဖို့ သူ့ အဆိုပြု အစီအစဥ်အောက်မှာတော့ အခွင့်အရေး မရှိဘူး လို့ အမေရိကန်သမ္မတ ထရမ့်က တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

ဂါဇာမှာ နေထိုင်နေကြတဲ့ ပါလက်စတိုင်းတွေဟာ ဂါဇာအပြင်မှာရှိတဲ့ နယ်မြေတခုခုကို ပြောင်းရွှေ့ကြရမယ်လို့ သမ္မတထရမ့်က ပြောပါတယ်။ Fox News ရုပ်မြင်သံကြားကနေ တနင်္လာနေ့က လွှင့်ထုတ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ်မှာ ထရမ့်က ခုလို ပြောလိုက်တာပါ။

မြေထဲပင်လယ် ကမ်းခြေတလျှောက်မှာရှိတဲ့ ဒီဒေသ အစီအစဥ်ကို အနာဂတ် အိုးအိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းလို့ သမ္မတထရမ့်က ခေါ်ပါတယ်။

ဒီအချိန်မှာပဲ လာမယ့် ဓားစာခံနဲ့ အကျဥ်းသား လဲလှယ်ရေးကို အမေရိကန်က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ ဟားမတ်စ်အဖွဲ့က အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။ မတ်လဆန်းအထိ အပစ်ရပ်ရေး သဘောတူညီချက်ကို အစ္စရေးလ်က ချိုးဖောက်တယ်လို့ ဟာမတ်စ်က စွပ်စွဲပါတယ်။

လာမယ့် စနေနေ့မှာ အစ္စရေးလ် သုံးယောက်နဲ့ အစ္စရေးလ် အကျဥ်းချထားတဲ့ ရာချီ ပါလက်စတိုင်း အကျဥ်းသားတွေကို လဲလှယ်ဖို့ သဘောတူထားကြတာပါ။ အစ္စရေးလ်က သဘောတူညီချက်အတိုင်း လိုက်နာနေသမျှ၊ အပစ်ရပ်ရေး သဘောတူညီချက်ကို သူတို့ကလည်း လိုက်နာမယ်လို့ ဟာမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်အဖွဲ့ al-Qassam Brigades က ကြေညာချက် ထုတ်ပြန်ပါတယ်။

သမ္မတ Trump ရဲ့ ဂါဇာ အစီအစဉ်မှာ ပါလက်စတိုင်းတွေ ပြန်နေခွင့် မပါ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG