သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ဘက်ကမ်း အကြမ်းဖက်နှိမ်နင်းရေး အစ္စရေး အရှိန်မြှင့်


အစ္စရေးနိုင်ငံ Tel Aviv မြို့က Bat Yam ဆင်ခြေဖုံးဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားပေါက်ကွဲမှု
အစ္စရေးနိုင်ငံ Tel Aviv မြို့က Bat Yam ဆင်ခြေဖုံးဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားပေါက်ကွဲမှု

အစ္စရေးနိုင်ငံ Tel Aviv မြို့က Bat Yam ဆင်ခြေဖုံးဒေသမှာ ပေါက်ကွဲမှု ၃ ခု ဖြစ်ပွါးခဲ့တဲ့နောက် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းဒေသမှာ အကြမ်းဖက်တိုက်ဖျက်မှု စစ်ဆင်ရေးကို တိုးမြှင့်ဖို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က သောကြာနေ့မှာ အမိန့်ပေးခဲ့ပါတယ်။

ကြာသပတေးညပိုင်းမှာ လူမပါတဲ့ ဘတ်စ်ကားတွေပေါ်မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။

အစ္စရေးကာကွယ်ရေး ဝန်ကြီးက သောကြာနေ့ အနောက်ဘက်ကမ်း ဒေသကို သွားရောက်စဉ်မှာ အခုလို အမိန့်ပေးလိုက်တာ ဖြစ်ပြီး ဒါဟာ အကြမ်းဖက်သမားတွေကို ပြတ်သားတဲ့ သတင်းစကား ပါးလိုက်တာဖြစ်ကြောင်း ပြောပါတယ်။

ဂါဇာအပစ်ရပ် သဘောတူညီချက်အရ ဟားမတ်စ်တွေက အစ္စရေး ဓါးစာခံတွေ ပြန်လွှတ်ပေးသလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးခဲ့တာပါ။ သူတို့ကို အနောက်ဘက်ကမ်းဒေသကို ပို့ပေးနေပြီး အစ္စရေးက သေချာစောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အဲဒီထဲက တစုံတယောက်က အကြမ်းဖက်လှုပ်ရှားမှု လုပ်လာရင် ချက်ချင်းတုံ့ပြန် အရေးယူမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ တချိန်ထဲမှာပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ဟာ အစ္စရေးလုံခြုံရေးအေဂျင်စီ၊ အစ္စရေးနယ်ခြားစောင့်တပ်တို့နဲ့ အတူတွဲပြီး ဒီသီတင်းပတ်ထဲ အနောက်ဘက်ကမ်းမှာ အကြမ်းဖက်သမား စစ်ဆင်ရေးတွေ လုပ်ခဲ့တာပါ။

IDF ကတော့ သူတို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အနောက်ဘက်ကမ်းဒေသမှာ အကြမ်းဖက်သမား ၉၀ ကိုဖမ်းမိခဲ့ပြီး လက်နက် ၁၅ ခုထက်မနည်း သိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အနောက်ဘက်ကမ်း အကြမ်းဖက်နှိမ်နင်းရေး အစ္စရေး အရှိန်မြှင့်
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG