သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်မှတ်ရက်မှာ အစ္စရေးတပ်တွေ မဆုတ်ခွာတဲ့အပေါ် လက်ဘနွန်ကန့်ကွက်


အစ္စရေးတပ်တွေဆုတ်ခွါသွားတဲ့ လက်ဘနွန်တောင်ပိုင်းက ကဖာကီလာရွာပျက်ထထဲကို အကူအညီပေးရေးအဖွဲ့တွေရဲ့ အရေးပေါ်ကားတွေနဲ့ လက်ဘနွန်စစ်ကားတွေ ရောက်ရှိလာစဥ်။ (ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၅)
အစ္စရေးတပ်တွေဆုတ်ခွါသွားတဲ့ လက်ဘနွန်တောင်ပိုင်းက ကဖာကီလာရွာပျက်ထထဲကို အကူအညီပေးရေးအဖွဲ့တွေရဲ့ အရေးပေါ်ကားတွေနဲ့ လက်ဘနွန်စစ်ကားတွေ ရောက်ရှိလာစဥ်။ (ဖေဖေါ်ဝါရီ ၁၈၊ ၂၀၂၅)

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အစ္စရေးတပ်တွေ ဆုတ်ခွာပေးရမှာ ဖြစ်ပေမဲ့ အင်္ဂါနေ့အထိတော့ လက်ဘနွန်တောင်ပိုင်းရှိ တချို့နေရာတွေမှာ အစ္စရေးတပ်တွေ ကျန်ရှိနေ ပါသေးတယ်။

ဒေသတွင်းကျေးရွာတချို့မှာရှိတဲ့ အစ္စရေးတပ်တွေ ဆုတ်ခွာနေပေမဲ့လည်း အစ္စရေးမြောက်ပိုင်းရှိ အစိတ်အပိုင်းတချို့ကို ကာကွယ်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ နေရာ ၅ ခုမှာတော့ တပ်ဖွဲ့တွေကို ဆက်ပြီး တပ်စွဲထားပါသေးတယ်။

လက်ဘနွန်သမ္မတရဲ့ပူးတွဲကြေညာချက်ထဲမှာ လက်ဘနွန်မြေပေါ်ကနေ အစ္စရေးတပ်တွေ ချက်ခြင်း ဆုတ်ခွာရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့က ဒီကနေ့ တောင်းဆိုခဲ့တယ်လို့ ပြောပါတယ်။အစ္စရေးတပ်တွေ လက်ဘနွန်ပိုင်နက်မှာ တလက်မလောက် ရှိနေဦး မယ် ဆိုရင်တောင် နိုင်ငံတကာဥပဒေအရ ကျူးကျော်သိမ်းပိုက်မှုပါပဲလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဇန်နဝါရီလကုန်ပိုင်းမှာ အစ္စရေးတပ်တွေ ဆုတ်ခွာရမှာ ဖြစ်သလို ဟက်ဇ်ဘိုလာအဖွဲ့ကလည်း နယ်စပ်ကနေ ထွက်ခွာရမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး တပ်သားတွေက ကြားခံနယ်မြေမှာ ဖြန့်ကျက်ထားရမှာပါ။ နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ဒီကနေ့ အင်္ဂါနေ့အထိ ရက်တိုးထားပါတယ်။

လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံတမန် Jeanine Hennis-Plasschaert နဲ့ လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုအဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Aroldo Lázaro တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာတော့ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို အကောင်အထည်ဖော်ရေး နောက်ထပ် ကြန့်ကြာမှု မရှိဖို့ မျှော်လင့်ကြောင်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG