သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓားစာခံ (၄) ဦး အလောင်း ဟာမတ်စ်တွေ ပြန်ပို့ပေးမည်

ဟာမတ်စ်တွေပြန်ပို့လိုက်တဲ့ အစ္စရေးဓားစာခံရုပ်အလောင်းကို သယ်ဆောင်လာစဥ်။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)
ဟာမတ်စ်တွေပြန်ပို့လိုက်တဲ့ အစ္စရေးဓားစာခံရုပ်အလောင်းကို သယ်ဆောင်လာစဥ်။ (ဖေဖေါ်ဝါရီ ၂၅၊ ၂၀၂၅)

ပါလက်စတိုင်းအကျဉ်းသား ရာနဲ့ချီ ပြန်လွှတ်ပေးဖို့ အစ္စရေးဓားစာခံလေးဦးရဲ့ ရုပ်အလောင်းတွေကို ကြာသပတေးနေ့မှာ အစီအစဉ်အတိုင်း ဟာမတ်စ်တွေဘက်က ပြန်ပေးမယ်လို့ ပြောလိုက်ပါတယ်။

အပစ်ရပ်စဲရေး ပထမအဆင့်သက်တမ်းမကုန်ဆုံးခင်မှာ အခုလို ပြောလိုက်တာပါ။

ဟာမတ်စ်တွေက ဓားစာခံတွေကို ရက်ရက်စက်စက် ဆက်ဆံခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အစ္စရေး ဘက်ကတော့ အကျဉ်းသား ၆၀၀ လောက်လွှတ်ပေးရေးအစီအစဉ်ကို စနေနေ့ကတည်းက ရွှေ့ဆိုင်း ခဲ့ပါတယ်။ ဒီလို ဆိုင်းငံ့မှုဟာ အပစ်ရပ်ရေးသဘောတူညီချက်ကို ချိုးဖောက်ရာရောက်တဲ့ အတွက် အကျဉ်းသားတွေမလွတ်မချင်း ဒုတိယအဆင့် ဆွေးနွေးပွဲတွေမဖြစ်နိုင်ဘူးလို့ ဟာမတ်စ်တွေ ဘက်က ပြောထားပါတယ်။

တချိန်တည်းမှာပဲ ဂါဇာဒေသမှာ အသတ်ခံခဲ့ရတဲ့ အစ္စရေးမိခင်နဲ့အတူ သားနှစ်ယောက်ရဲ့ ရုပ်အလောင်း တွေကိုအစ္စရေးနိုင်ငံမှာ ဒီကနေ့ မြေချပါတယ်။ သူတို့ ရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာတဲ့ အဝေးပြေးလမ်းတလျှောက် ‌ခွင့်လွှတ်ပေးဖို့တောင်းဆိုထားတဲ့အလံနဲ့ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ထားတဲ့ ထောင်နဲ့ချီတဲ့အစ္စ‌ရေးပြည်သူတွေက တန်းစီ စောင့်ဆိုင်းခဲ့ကြတာပါ။

ဟာမတ်စ်တွေကတော့ သေဆုံးသူတွေဟာ ၂၀၂၃ ခုနှစ်က အစ္စရေး လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံး ခဲ့တာဖြစ်တယ်လို့ပြောပေမဲ့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Daniel Hagari ကတော့ ကလေးနှစ်ဦးဟာ သူတို့ကိုဖမ်းထားသူတွေကသတ်တာကို ခံခဲ့ရတာလို့ ပြောပါတယ်။ ဖခင်ဖြစ်တဲ့ Yarden Bibas ကတော့ သီးခြားဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီးတော့ ပြီးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကာလအတွင်းမှာ လွတ်မြောက်လာခဲ့ပါတယ်။

အစ္စရေးဓားစာခံ (၄) ဦး အလောင်း ဟာမတ်စ်တွေ ပြန်ပို့ပေးမည်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG