သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ထားနိုင်ဖို့ အစ္စရေးဓားစာခံ ၃ ယောက် Hamas ပြန်လွှတ်

 ပြန်လည်လွှတ်မြောက်လာတဲ့ အစ္စရေးဓားစာခံများ (Photo by Eyad BABA / AFP)
ပြန်လည်လွှတ်မြောက်လာတဲ့ အစ္စရေးဓားစာခံများ (Photo by Eyad BABA / AFP)

Hamas စစ်သွေးကြွအဖွဲ့က ဖမ်းဆီးထားတဲ့ အစ္စရေးဓားစာခံတွေထဲက နောက်ထပ် ၃ ဦးကို ဒီကနေ့ စနေနေ့မှာ ထပ်မံလွှတ်ပေးလိုက်ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကလည်း ပါလက်စတိုင်း အကျဉ်းသား ၃၀၀ ကျော်ကို ပြန်လွှတ်ပေးနေပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အစ္စရေးဓားစာခံတွေကတော့ အသက် ၃၆ နှစ်အရွယ် အစ္စရေးအမေရိကန် Sagui Dekel Chen, အသက် ၂၉ နှစ်အရွယ် အစ္စရေးရုရှား Sasha Troufanov နဲ့ အသက် ၄၆ နှစ်ရွယ် အစ္စရေးအာဂျင်တီးနီးယန်း Iair Horn တို့ ၃ ဦး ဖြစ်ပါတယ်။

သူတို့ကို ဂါဇာက ခံယူနစ် Khan Younis မြို့မှာရှိတဲ့ ကြက်ခြေနီအဖွဲ့ကို ဟားမတ်စ်တွေက လွှဲပြောင်းပေးခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် အစ္စရေးဘက်က ပြန်လွှတ်ပေးတဲ့ ပါလက်စတိုင်းကျဉ်းသားတွေကိုလည်း ဘတ်စကားတွေနဲ့ Ramallah ကို ပို့ဆောင်ပေးခဲ့ပါတယ်။ စုစုပေါင်း ပါလက်စတိုင်း ၃၆၉ ဦးကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဟားမတ်စ်အဖွဲ့က ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ အစ္စရေးဘက်က အပစ်ရပ်ရေး သဘောတူညီချက်ကို ချိုးဖေါက်ပြီး လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဟားမတ်စ်ဘက်က စွပ်စွဲခဲ့ပြီး၊ အစ္စရေးဘက်ကလည်း ဓားစာခံတွေ ဆက်လွှတ်မပေးရင် ပြန်တိုက်မယ်လို့ ပြောဆိုခဲ့တဲ့တာကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ နှစ်ဘက်အကျဉ်းသားတွေ လဲလှယ်နိုင်ခဲ့တဲ့အတွက် အစ္စရေးနဲ့ Hamas ကြား ဆက်လက်အပစ်အခတ် ရပ်စဲနိုင်ရေး ဆွေးနွေးမှုတွေ ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။

This item is part of

Forum

XS
SM
MD
LG