သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးဓားစာခံတွေပြန်လွတ်ရေး သမ္မတ Trump ဖိအားပေး


အမေရိကန်သမ္မတ Donald Trump (မတ်လ ၄၊ ၂၀၂၅)
အမေရိကန်သမ္မတ Donald Trump (မတ်လ ၄၊ ၂၀၂၅)

Hamas အဖွဲ့အနေနဲ့ ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို ချက်ခြင်းလွှတ်မပေးဘူးဆိုရင် ငရဲလို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြား ဖိအားပေးလိုက်ပါတယ်။

ဓားစာခံတွေ ပြန်မလွှတ်ရင် Hamas အဖွဲ့ဝင်တယောက်မကျန်မလွတ်အောင် အစ္စရေးကကိစ္စရှင်းနိုင်ဖို့ လိုအပ်သမျှ အစ္စရေးကိုပို့ပေးမယ်လို့ သမ္မတထရမ့်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ တာပါ။ သမ္မတထရမ့်ရဲ့ ခြိမ်းခြောက်ပြောဆိုမှုဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးဘက်က ဆက်မလုပ်အောင် အားပေးသလိုဖြစ်နေတယ်လို့ ဟာမတ်စ်အဖွဲ့က ဒီကနေ့ ကြာသပတေးနေ့မှာတုံ့ပြန်ပြောဆိုပါတယ်။

သမ္မတထရမ့်ရဲ့တောင်းဆိုချက်ဟာ အမေရိကန်အစိုးရအနေနဲ့ ဟာမတ်စ်အဖွဲ့နဲ့တိုက်ရိုက်ဆွေးနွေး စကားပြောခဲ့ပြီးနောက်မှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဟာမတ်စ်အဖွဲ့ကို အမေရိကန်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပြီး အရင်က တိုက်ရိုက်ဆက်သွယ်စကားပြောတာမျိုး မလုပ်ခဲ့ပါဘူး။

ကျန်ရှိနေတဲ့ဓားစာခံအားလုံးကိုချက်ခြင်းလွှတ်ပေးဖို့နဲ့ သေဆုံးသူတွေရဲရုပ်ကြွင်းတွေကို ပြန်ပေးဖို့ ဟာမတ်စ်ဘက်ကမလုပ်ဘူးဆိုရင် အပေးအယူလုပ်ညှိနှိုင်းမှုတွေ ပြီးဆုံးသွားမှာဖြစ်တယ်လို့ သမ္မတထရမ့်က သူ့ရဲ့ Truth လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

အစ္စရေးနဲ့ဟာမတ်စ်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့်ဟာ ပြီးခဲ့တဲ့ စနေနေ့တုန်းက ကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီသဘောတူညီချက်အရ အစ္စရေးဓားစာခံ (၃၃) ဦးနဲ့ ထိုင်းနိုင်ငံသားဓားစာခံ (၅) ဦးကို ဟာမတ်စ်ဘက်ကပြန်လွှတ်ပေးခဲ့ပြီး အပြန်အလှန်အားဖြင့် အစ္စရေးဘက်ကဖမ်းဆီးထားတဲ့ ပါလက်စတိုင်း (၂,၀၀၀) လောက်ကိုပြန် လွှတ်ပေးခဲ့ပါတယ်။

တောင်းဆိုထားတဲ့အတိုင်းဓားစာခံတွေကို ပြန်လွှတ်မပေးဘူးဆိုရင် လုပ်စရာရှိတာတွေကို အဆုံးသတ်လုပ်ဆောင်ဖို့ အစ္စရေးအတွက် လိုအပ်တာတွေကိုပို့မှာဖြစ်ကြောင်းနဲ့ ဟာမတ်စ်အဖွဲ့ဝင် တဦးတယောက်မှ လုံခြုံမှာမဟုတ်ဘူးလို့လည်း သမ္မထရမ့်က ကြိမ်းဝါးပြောဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကတော့ အမေရိကန်နဲ့ ဟာမတ်စ်တိုက်ရိုက် ဆက်သွယ် ပြောဆိုမှုနဲ့ပတ်သက်တဲ့ အစ္စရေးရဲ့သဘောထားကို အမေရိကန်အစိုးရကိုပြောဆိုထားတယ်လို့ ထုတ်ပြန် ကြေညာပါတယ်။

အစ္စရေးဓားစာခံတွေပြန်လွတ်ရေး သမ္မတ Trump ဖိအားပေး
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG