သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်နဲ့ အမေရိကန် ညှိနှိုင်း 


ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေပြန်လွှတ်ရေး အမေရိကန်အလံကိုင်ပြီး တောင်ဆိုနေသူတဦး၊
ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေပြန်လွှတ်ရေး အမေရိကန်အလံကိုင်ပြီး တောင်ဆိုနေသူတဦး၊

အမေရိကန်ပြည်ထောင်စုက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟာမတ်စ် အဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အမေရိကန်တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လဲဗစ် Caroline Leavitt က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ရှေ့ဆက်နိုင်ဖို့ မရေမရာ ဖြစ်နေချိန်မှာ ကာတာနိုင်ငံမြို့တော် ဒိုဟာမှာ ဟာမတ်စ်နဲ့ ဆွေးနွေးတဲ့ အတည်ပြုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဟာမတ်စ် ကိုယ်စားလှယ်တွေကြား ဆွေးနွေးပွဲကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ Axios သတင်း ဝက်ဘ်စာမျက်နှာမှာ ပထမဆုံး ဖော်ပြခဲ့ပြီးနောက်မှာ အိမ်ဖြူတော်က အခုလို အတည်ပြုတာလည်း ဖြစ်ပါတယ်။

ဟားမတ်စ်နဲ့ တိုက်ရိုက်ဆွေးနွေးမှုမှာ ဓားစာခံကိစ္စအတွက် အထူးသံတမန်အဖြစ် သမ္မတ ထရမ့်ရဲ့ အမည်စာရင်းတင်သွင်းခံရသူ အဲဒမ် ဘိုလာ (Adam Boehler) ပါဝင်ပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာ အသေးစိတ်ကို ဖြေကြားဖို့တော့ ပြောခွင့်ရ လဲဗစ် (Leavitt) ငြင်းဆိုပါတယ်။

“ကမ္ဘာတဝန်းမှာ တွေ့ဆုံဆွေးနွေးတာက အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် လုပ်သင့် လုပ်ထိုက်တဲ့ အရာကို စိတ်စေတေနာကောင်းနဲ့ လုပ်ဆောင်တဲ့ သမ္မတရဲ့ သက်သေပြ အားထုတ်မှု” လို့ သူက ပြောပါတယ်။

ဟာမတ်စ်အရာရှိတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံခဲ့တာနဲ့ပတ်သက်ပြီး အစ္စရေးနဲ့လည်း တိုင်ပင်ဆွေးနွေးထားပြီးဖြစ်ကြောင်း လဲဗစ် (Leavitt) က ပြောပါတယ်။ အမေရိကန် နိုင်ငံသား အီဒန် အလက်ဇန်းဒါး အပါအဝင် အသက်ရှင် ကျန်ရစ်နေဆဲ ဖြစ်တဲ့ဓားစာခံ ၂၄ ဦး အပြင် သေဆုံးပြီး ရုပ်အလောင်းအနည်းဆုံး ၃၅ လောင်းကို ဂါဇာကမ်းမြောင်မှာ ဟာမတ်စ်က ထိန်းသိမ်းထားဆဲလို့ ယူဆရကြောင်း အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်အခတ်ရပ်စဲရေး ဆက်လက် အကောင်အထည်ဖို့က မသေချာသေးတဲ့ အခြေအနေ ဖြစ်နေတာပါ။ အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) က ကမကထ လုပ်ပြီး မူကြမ်းရေးဆွဲကာ အစ္စရေးကလည်း အတည်ပြုထားတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို ဟာမတ်စ်က သဘောမတူရင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကို စစ်ပြန်မစဖို့ အတင်းအကျပ် ဖိအားပေးမှာ မဟုတ်ဘူးလို့ သမ္မတ ထရမ့်ကလည်း ထုတ်ပြောထားပါတယ်။

အခု ညှိနှိုင်းနေတဲ့ အစီအစဥ်သစ်ထဲမှာ ဟာမတ်စ်က ကျန်ရှိနေတဲ့ ဓားစာခံတွေထဲက တဝက်ကို လွှတ်ပေးမှသာ အစ္စရေးက အပစ်ရပ်ရေး ရှေ့ဆကပ် သက်တမ်းတိုးမှာ ဖြစ်သလို ရေရှည်တည်တံ့တဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဆက်ဆွေးနွေးဖို့ ကတိပြုမှာ ဖြစ်ပါတယ်။ ပထမအဆင့် သဘောတူညီချက်တုန်းက အဓိကကျတဲ့ အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ နောက်ထပ် လွှတ်ပေးဖို့ကိုတော့ အစ္စရေးဘက်က ဖော်ပြထားခြင်း မရှိပါဘူး။

please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG