သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟာမတ်စ် အပစ်ရပ် ဒုတိယအဆင့် စတင်ဆွေးနွေး


ပြန်လွတ်လာတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေကို Ramallah မြို့မှာ လာရောက် နှုတ်ဆက်နေသူများ။
ပြန်လွတ်လာတဲ့ ပါလက်စတိုင်း အကျဥ်းသားတွေကို Ramallah မြို့မှာ လာရောက် နှုတ်ဆက်နေသူများ။

အစ္စရေးနဲ့ ဟာမတ်စ် အဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်ကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စတင်ဆွေးနွေးနေပြီလို့ အီဂျစ်အစိုးရ သတင်းနဲ့ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ အပစ်ရပ်သဘောတူညီချက် ပထမဆင့် အချိန်စေ့သွားပြီး နောက်တနေ့မှာပဲ စတင်ခဲ့တာ ဖြစ်ကြောင်းလည်းပြောပါတယ်။

အစ္စရေးနဲ့ ကာတာနိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ ကြာသပတေး ညနေပိုင်းမှာ ကိုင်ရိုကို ရောက်လာခဲ့တာဖြစ်ပြီး အပစ်ရပ် သဘောတူညီချက် နောက်အဆင့်တွေအတွက် ပြင်းပြင်း ထန်ထန် စတင်ဆွေးနွေး ခဲ့ကြတာဖြစ်ကြောင်း အီဂျစ်က ကြေညာချက် ထုတ်ပြန်တာပါ။

ကာတာ ကိုယ်စားလှယ်တွေနဲ့အတူ အမေရိကန်နဲ့ အီဂျစ်က ကိုယ်စားလှယ်တွေပါ ညှိနှိုင်းဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပါတယ်။


ကြားဝင်ညှိနှိုင်းပေးတဲ့ ကိုယ်စားလှယ်တွေဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ ဒေသခံတွေ ခံစားနေရတာတွေ ပြေလျော့စေဖို့ ကြိုးစားမှု တစိတ်တပိုင်းအဖြစ် ဂါဇာဒေသကို လူသားစာနာမှု အကူအညီတွေ တိုးပေးနိုင်ရေး နည်းလမ်းကိုပါ ဆွေးနွေးခဲ့ကြပါတယ်။

အစ္စရေး ကိုယ်စားလှယ်တွေဟာ ဒီအပစ်ရပ်သဘောတူညီချက်ကို ဆက်လက် ထားရှိရေး အတွက် ညှိနှိုင်းဖို့ ဘုံသဘောတူညီမယ့် အချက်တွေ ရှိမရှိ လေ့လာမှာဖြစ်ကြောင်း ဆွေးနွေးပွဲတွေ မစခင်က အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က ဂျေရူဆလင်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အစ္စရေးဘက်က ပထမအဆင့် သဘောတူညီချက်ကို ရက်တိုးဖို့ နည်းလမ်း ရှာနေပေမယ့် ဟားမတ်စ်တွေဘက်က လက်မခံဘူးလို့ အစိုးရအရာရှိ ၂ ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ဒုတိယအဆင့် ဆွေးနွေးပွဲတွေဟာ အစ္စရေး−ဟားမတ်စ် စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေးနွေးဖို့ဖြစ်ပြီး ဒီအထဲမှာ ဟားမတ်စ်တွေ ဖမ်းထားတဲ့ အသက်မသေသေးပဲ ရှိနေတဲ့ ကျန် ဓါးစာခံ အားလုံး ပြန်လွှတ်ပေးဖို့နဲ့ ဂါဇာကနေ အစ္စရေးတပ်တွေ ဆုတ်ခွါပေးဖို့ ပါဝင်ပါတယ်။

အစ္စရေး-ဟာမတ်စ် အပစ်ရပ် ဒုတိယအဆင့် စတင်ဆွေးနွေး
please wait

No media source currently available

0:00 0:00:58 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG