သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ၊ မက္ကဆီကို နိုင်ငံခေါင်းဆောင်တွေနဲ့ သမ္မတထရမ့် ဆွေးနွေးမည် 

အမေရိကန်အလံနဲ့ကနေဒါအလံတို့ အတူလွှင့်ထူထားစဥ်။
အမေရိကန်အလံနဲ့ကနေဒါအလံတို့ အတူလွှင့်ထူထားစဥ်။

အမေရိကန်သမ္မတ Donald Trump ဟာ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတွေကသွင်းကုန်တွေကို အခွန်တိုးကောက်ဖို့ကြေညာအပြီး ရက်ပိုင်းအတွင်းမှာပဲ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံကတော့ အမေရိကန်ရဲ့ သွင်းကုန်ခွန်တိုးမြှင့်တဲ့လုပ်ရပ်ကို တန်ပြန်တာအပါအဝင် တခြားအစီအစဉ်တွေနဲ့ပါ တုံ့ပြန်မယ်လို့ ပြောထားတာပါ။

အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဖက် (၃) နိုင်ငံအပေါ် အခွန်တိုးကောက်မယ့်အစီအစဉ်ဟာ အမေရိကန်အတွက် အကျိုးရှိလိမ့်မယ်လို့လည်း သမ္မတ Trump ကပြောထားပါတယ်။

ပထမသမ္မတသက်တမ်းတုန်းက လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူစာချုပ်ကို ကနေဒါ၊ မက္ကဆီကို နိုင်ငံတွေနဲ့ သမ္မတ Trump သဘောတူချုပ်ဆိုခဲ့ပေမဲ့ အခုမှာတော့ ကနေဒါနဲ့မက္ကဆီကိုနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံအပေါ် ၁၀ ရာခိုင်နှုန်း အခွန်တွေကို လာမယ့် အင်္ဂါနေ့ကစပြီး ကောက်ခံမယ့်အမိန့်ကို စနေနေ့က လက်မှတ်ထိုးခဲ့တာပါ။

ဒီသုံးနိုင်ငံဟာ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ fentanyl မူးယစ်ဆေးဝါး တင်သွင်းမှုတွေကို ထိထိရောက်ရောက် မဟန့်တားဘူးလို့လည်း သမ္မတ Trump က ပြောပါတယ်။ သွင်းကုန်ခွန် တိုးမြှင့် မှုကြောင့် အမေရိကန်စားသုံးသူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကြုံရနိုင်တာကိုလည်း တနင်္ဂနွေနေ့ အစောပိုင်းမှာပဲ သမ္မတ Trump က သူ့ကိုယ်ပိုင် Truthလူမှုကွန်ယက်မှာ ပြောထားပါတယ်။

 ကနေဒါ၊ မက္ကဆီကို နိုင်ငံခေါင်းဆောင်တွေနဲ့ သမ္မတထရမ့် ဆွေးနွေးမည် 
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG