သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္-ကေနဒါ-မကၠဆီကို သံုးႏုိင္ငံ ထိပ္သီးအစည္းအေဝးက်င္းပ


ေျမာက္အေမရိကေခါင္းေဆာင္မႈအစည္းအေဝးမွ အေမရိကန္သမၼတ Joe Biden(ဗဟို)၊ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau (ယာ) နဲ႔ မကၠဆီကို သမၼတ Andres Manuel Lopez Obrador (ဝဲ) (ႏိုဝင္ဘာ ၁၈၊ ၂၀၂၁)

{{Zawgyi/Unicode}}

ေျမာက္အေမရိကေဒသဆိုင္ရာ အေမရိကန္ရဲ႕ အနာဂတ္အျမင္ဟာ ဘံုတူညီတဲ့ စြမ္းအားေတြအေပၚ အေျခခံထားၿပီး လက္တြဲလုပ္ေဆာင္ျခင္းအားျဖင့္ အက်ပ္အတည္းေတြကို ေျဖရွင္းႏုိင္ပါမယ္လို႔ အေမရိကန္သမၼတ Joe Biden ကေျပာပါတယ္။

"တေယာက္နဲ႔တေယာက္ အခ်ိန္ယူ ေျပာဆိုေဆြးေႏြးၿပီးေတာ့ အားလံုး အတူတကြ လက္တြဲ လုပ္ေဆာင္ျခင္း အားျဖင့္ အက်ပ္အတည္းေတြအားလံုးကုိ ေျဖရွင္းႏုိင္မွာျဖစ္ပါတယ္။ ကပ္ေရာဂါကို က်ေနာ္တို႔ အဆံုးသတ္ ၾကရမွာျဖစ္သလို ဥတုရာသီအက်ပ္အတည္းကို ေျဖရွင္းဖို႔ ခုိင္မာတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ၾကရပါမယ္" လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau ၊ မကၠဆီကိုသမၼတ Andrés Manuel López Obrador တို႔နဲ႔ ၾကာသပေတးေန႔ကလုပ္တဲ့ ငါးႏွစ္အတြင္း ပထမဆံုးအႀကိမ္ သံုးပြင့္ဆိုင္အစည္းအေဝးအတြင္း သမၼတ ဘိုင္ဒန္က ေျပာသြားပါတယ္။

COVID-19 ကပ္ေရာဂါအေရး၊ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈဆိုင္ရာနဲ႔ ေရႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာ ကိစၥရပ္ေတြအပါအဝင္ ေျမာက္အေမရိကေဒသသာမက ေဒသအားလံုးေပၚ သက္ေရာက္ေနတဲ့ ျပႆနာေတြ အတြက္ အေျဖရွာဖို႔ ေခါင္းေဆာင္သံုးဦး ထိပ္သီးအစည္းအေဝးလုပ္ခဲ့ၾကတာပါ။

သမၼတဘိုင္ဒန္ရဲ႕ အေမရိကန္ပစၥည္းဝယ္ယူၾကဆိုတဲ့ အစီအစဥ္ကို ကိုယ္က်ဳိးစီးပြား ကာကြယ္ေရးဝါဒအျဖစ္ ရႈျမင္ထားတဲ့ ကေနဒါဝန္ႀကီးခ်ဳပ္ မစၥတာ Trudeau က ေျမာက္အေမရိကေဒသ စီးပြားေရးဆိုင္ရာ ဘယ္လို အစီအစဥ္မ်ဳိးမွာမဆို ကေနဒါလုပ္သားေတြကို ခ်န္ထားခဲ့လို႔မရဘူးဆိုတာ အေလးထားေျပာခဲ့ပါတယ္။

စီးပြားေရးတုိးတက္မႈကို တရုတ္ကိုတန္ျပန္ေရး ေနာက္ထပ္နည္းလမ္းတခုအျဖစ္ မကၠဆီကိုသမၼတ López Obrador က ေျပာပါတယ္။

အေမရိကန္မွာ ရိုးသားစြာ ေနထိုင္လုပ္ကိုင္ေနၾကတဲ့ ေရႊ႕ေျပာင္းဝင္ေရာက္သူ ၁၁ သန္း တရားဝင္ေနထိုင္ခြင့္ ဆိုင္ရာ သမၼတဘိုင္ဒန္ရဲ႕ အဆိုျပဳခ်က္ကိုလည္း မကၠဆီကိုသမၼတက အထူးသျဖင့္ ထည့္သြင္းေျပာဆိုခဲ့ပါ တယ္။

တိုက္႐ိုက္ လင့္ခ္


=========

{{Unicode}}

အမေရိကန်-ကနေဒါ-မက္ကဆီကို သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကျင်းပ

မြောက်အမေရိကဒေသဆိုင်ရာ အမေရိကန်ရဲ့ အနာဂတ်အမြင်ဟာ ဘုံတူညီတဲ့ စွမ်းအားတွေအပေါ် အခြေခံထားပြီး လက်တွဲလုပ်ဆောင်ခြင်းအားဖြင့် အကျပ်အတည်းတွေကို ဖြေရှင်းနိုင်ပါမယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောပါတယ်။

"တယောက်နဲ့တယောက် အချိန်ယူ ပြောဆိုဆွေးနွေးပြီးတော့ အားလုံး အတူတကွ လက်တွဲ လုပ်ဆောင်ခြင်း အားဖြင့် အကျပ်အတည်းတွေအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကပ်ရောဂါကို ကျနော်တို့ အဆုံးသတ် ကြရမှာဖြစ်သလို ဥတုရာသီအကျပ်အတည်းကို ဖြေရှင်းဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ကြရပါမယ်" လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau ၊ မက္ကဆီကိုသမ္မတ Andrés Manuel López Obrador တို့နဲ့ ကြာသပတေးနေ့ကလုပ်တဲ့ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်အစည်းအဝေးအတွင်း သမ္မတ ဘိုင်ဒန်က ပြောသွားပါတယ်။

COVID-19 ကပ်ရောဂါအရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာနဲ့ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် မြောက်အမေရိကဒေသသာမက ဒေသအားလုံးပေါ် သက်ရောက်နေတဲ့ ပြဿနာတွေ အတွက် အဖြေရှာဖို့ ခေါင်းဆောင်သုံးဦး ထိပ်သီးအစည်းအဝေးလုပ်ခဲ့ကြတာပါ။

သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်ပစ္စည်းဝယ်ယူကြဆိုတဲ့ အစီအစဉ်ကို ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒအဖြစ် ရှုမြင်ထားတဲ့ ကနေဒါဝန်ကြီးချုပ် မစ္စတာ Trudeau က မြောက်အမေရိကဒေသ စီးပွားရေးဆိုင်ရာ ဘယ်လို အစီအစဉ်မျိုးမှာမဆို ကနေဒါလုပ်သားတွေကို ချန်ထားခဲ့လို့မရဘူးဆိုတာ အလေးထားပြောခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှုကို တရုတ်ကိုတန်ပြန်ရေး နောက်ထပ်နည်းလမ်းတခုအဖြစ် မက္ကဆီကိုသမ္မတ López Obrador က ပြောပါတယ်။

အမေရိကန်မှာ ရိုးသားစွာ နေထိုင်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၁၁ သန်း တရားဝင်နေထိုင်ခွင့် ဆိုင်ရာ သမ္မတဘိုင်ဒန်ရဲ့ အဆိုပြုချက်ကိုလည်း မက္ကဆီကိုသမ္မတက အထူးသဖြင့် ထည့်သွင်းပြောဆိုခဲ့ပါ တယ်။

#NorthAmerica #voaburmese #မြောက်အမေရိကထိပ်သီး #ဗွီအိုအေမြန်မာပိုင်း

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG