သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူပေးကြဖို့ WFP ပန်ကြား


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာ ရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ukhia ဒုက္ခသည်စခန်းအတွင်းမှာ ရိက္ခာလာရောက်ယူနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်အတွက် ကုလသမဂ္ဂရဲ့ အချိုးကျ ထောက်ပံ့ငွေလျှော့ချမှုတွေ မလုပ်ရအောင် အရေးပေါ်အကူငွေ ချထားပေးဖို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့ WFP က ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က မတ်လ ၇ ရက် သောကြာနေ့ ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အခု အချိန်ဟာ ရာမဒန်- မွတ်ဆလင် ဥပုသ်လ ကုန်ဆုံးတဲ့ အစ်ပွဲတော်ကျင်းပဖို့ ပြင်နေချိန် ဖြစ်ပြီး၊ တကယ်လို့ အရေးပေါ်အကူငွေသာ မရဘူးဆိုရင် ရံပုံငွေ ထောက်ပံ့မှု တလအတွက် တယောက်ကို ၁၂ ဒေါ်လာခွဲ ပေးနေရာကနေ ထက်ဝက်ဖြတ်ချပြီး ၆ ဒေါ်လာပဲ ပေးနိုင်တော့မယ်လို့ WFP က ပြောပါတယ်။

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း ကုလ ထောက်ခံဖို့လိုအပ်
please wait

No media source currently available

0:00 0:11:36 0:00

ပေးနေကျအတိုင်း ပေးနိုင်ဖို့ ဧပြီလအတွက် WFP ဟာ ဒေါ်လာ ၁၅ သန်း အရေးပေါ် လိုအပ်နေသလို နှစ်ကုန်အထိဆို ဒေါ်လာ ၈၁ သန်း လိုအပ်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ တရားဝင်နေထိုင်ခွင့် မရပဲ၊ စခန်းကနေလည်း အပြင်ထွက်ခွင့် မရသလို၊ ရေရှည် ကောင်းမွန်တဲ့ ရှင်သန်ရပ်တည်ခွင့်လည်း မရတဲ့အတွက် အခုလို ရန်ပုံငွေ အဖြတ်တောက် ခံရရင် သူတို့လိုအပ်နေတဲ့ လုံခြုံရေးနဲ့ အကာကွယ်ပေးမှုတွေ ကောင်းကောင်းရတော့မှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။

စခန်းတွေမှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ အတွက်ဆို လူကုန်ကူးမှုနဲ့ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံရမှုနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံရနိုင်ကြောင်းနဲ့ မိသားစု စားဝတ်နေရေး ကျပ်တည်းတာနဲ့ အမျှ ကလေးငယ်တွေ စာမသင်နိုင်ပဲ ကလေးလုပ်သား ခိုင်းစေတာ ခံရနိုင်သလို မိန်းခလေးငယ်တွေဆို အရွယ်မတိုင်ခင် လက်ထပ်ပေးတာမျိုး ကြုံရနိုင်တယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အရေးပေါ်အကူပေးကြဖို့ WFP ပန်ကြား
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG