သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား၊ အာချေးကမ်းခြေရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၆ ဦးကို ယာယီခိုလှုံခွင့်ပေး 


အင်ဒိုနီးရှားနိုင်ငံ၊ အားချေးကမ်းခြေကို လှေစီးပြီးရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံခွင့်ရှိပြီး ကမ်းကပ်နေစဥ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၂၅)
အင်ဒိုနီးရှားနိုင်ငံ၊ အားချေးကမ်းခြေကို လှေစီးပြီးရောက်လာကြတဲ့ ရိုဟင်ဂျာတွေကို ယာယီခိုလှုံခွင့်ရှိပြီး ကမ်းကပ်နေစဥ်။ (ဇန်နဝါရီလ ၂၉၊ ၂၀၂၅)

အင်ဒိုနီးရှားနိုင်ငံ အာချေးကမ်းခြေကို ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၆ ဦးကို ယာယီခိုလှုံရာ နေရာကို ပြောင်းရွှေ့ပေးထားတယ်လို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက ဒီကနေ့ ကြာသပတေးနေ့မှာ ပြောပါတယ်။

ကလေးငယ်လေးဦးပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇၆ ဦးဟာ အရှေ့အာချေးမြို့ရဲ့ ကမ်းခြေကို ပြီးခဲ့ ဗုဒ္ဓဟူးနေ့ညက ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ ဒေသခံတွေကလက်မခံလိုတဲ့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေက ကမ်းပေါ်ကိုတက်ခွင့်မပေးခဲ့ပါဘူး။ ဒါပေမဲ့ ဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR ရဲ့ အင်ဒိုနီးရှားဆိုင်ရာကိုယ်စားလှယ်က ဒီဒေသကို သွားရောက်ပြီး ဝင်ရောက်ညှိနှိုင်းပေးခဲ့တဲ့အတွက် ဒုက္ခသည်တွေကမ်းတက်ခွင့်ရပြီး လုံခြုံရာနေရာကို ရွှေ့ပြောင်းထား ပေးခဲ့တာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေခိုလှုံဖို့နေရာ မလုံလောက်တဲ့အခက်အခဲရှိပေမယ့် လောလောဆယ်အချိန်ထိ ယာယီဒုက္ခသည်တွေအဖြစ် သူတို့ကို နေရာထိုင်ခင်း ပေးထားနိုင်တယ်လို့ ဒေသဆိုင်ရတာဝန်ရှိသူ Iskandar ကပြောပါတယ်။

မြန်မာနိုင်ငံဘက်ကလာခဲ့ကြတဲ့ ဒီ ဒုက္ခသည်တွေဟာ ပင်လယ်ပြင်မှာ ရက်အတော်ကြာဖြတ်သန်းရပြီး ပင်ပန်းနွမ်းနယ်လာကြပါတယ်။ ဒါပေမယ့်စိုးရိမ်ရတဲ့အခြေအနေတော့မရှိဘူးလို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလစောပိုင်းတွေမှာလည်း အာချေးကမ်းခြေကို ရိုဟင်ဂျာဒုက္ခသည် အယောက် ၂၆၀ ကျော် ရောက်ရှိလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG