သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာချေးက ရိုဟင်ဂျာတွေခိုလှုံရာ ဝင်စီးခံရမှု ကုလ စိုးရိမ်


ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတချို့ ဝင်ရောက်လာစဉ် (ဒီဇင်ဘာ ၂၇၊ ၂၀၂၃) (အင်ဒိုနီးရှား၊ အာချေးဒေသ)
ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတချို့ ဝင်ရောက်လာစဉ် (ဒီဇင်ဘာ ၂၇၊ ၂၀၂၃) (အင်ဒိုနီးရှား၊ အာချေးဒေသ)

အင်ဒိုနီးရှားနိုင်ငံ၊​ အာချေးပြည်နယ်မြို့တော် Banda Aceh မှာရှိတဲ့ ရိုဟင်ဂျာတွေ ယာယီ ခိုလုံနေတဲ့နေရာကို တက္ကသိုလ်ကျောင်းသားတွေက ဝင်ရောက် စီးနင်းခဲ့တဲ့ဖြစ်ရပ်အတွက် များစွာ စိတ်မကောင်းဖြစ်ရကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာတွေ ခိုလှုံနေတဲ့နေရာကို အာချေး ဒေသခံ တက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေက မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကဘဲ ဝင်စီးပြီး သူတို့ကို ပြည်နှင်ဒဏ်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

ရဲတပ်ဖွဲ့ကချထားတဲ့ အတားအဆီးတွေကို ကျော်လွှားပြီး အထဲမှာရှိနေတဲ့ ကလေးငယ်နဲ့ အမျိုးသမီး အများစုပါဝင်တဲ့ ရိုဟင်ဂျာ ၁၃၇ ယောက်ကို ထရပ်ကား ၂ စီးပေါ်တင်ပြီး Banda Aceh မှာရှိတဲ့ တခြားနေရာတခုကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။​ ဒီဖြစ်ရပ်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ကြောက်လန့် အံ့အားသင့်နေကြတယ်လို့ ဆိုပါတယ်။​

ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ပဋိပက္ခတွေကနေ အသက်စွန့် ထွက်ပြေးလာကြသူတွေဖြစ်တယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံကို UNHCR ရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။​ ဒီလို ဒုက္ခသည်တွေအပေါ် မုန်းတီးမှုတွေကြီးထွားလာအောင် အာဏာပိုင်တွေနဲ့ ဒုက္ခသည်တွေ အပါအဝင် ဒေသခံ လူမှုအသိုက်အဝန်းကို အွန်လိုင်း လူမှုကွန်ရက်တွေပေါ်မှာ စနစ်တကျ တိုက်ခိုက် ပြောဆိုတာတွေကို ရှိနေတာကိုလည်း အများပြည်သူအနေနဲ့ သတိထားကြဖို့ UNHCR က သတိပေးထားပါတယ်။

XS
SM
MD
LG