သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမုဒ္ဒရာတွင်းက ရိုဟင်ဂျာ ၁၈၅ ဦး ကယ်တင်ကြဖို့ ကုလ ပန်ကြား


အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲ အသစ်ရောက်လာတဲ့ လှေစီးပြေးရိုဟင်ဂျာတွေကို ရေနဲ့စားသောက်စရာရှာဖွေဖို့ ကမ်းကပ်ခွင့်ပြုထားပုံ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်ထဲ အသစ်ရောက်လာတဲ့ လှေစီးပြေးရိုဟင်ဂျာတွေကို ရေနဲ့စားသောက်စရာရှာဖွေဖို့ ကမ်းကပ်ခွင့်ပြုထားပုံ။ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရိုဟင်ဂျာတွေကိုတင်လာတဲ့သင်္ဘောတစင်းဟာ အိန္ဒိယသမုဒ္ဒရာထဲ အန်ဒါမန်နဲ့ နီကိုဘာကျွန်းစုတွေနားမှာရှိတယ်လို့ နောက်ဆုံးသိထားရပြီး အဲဒီသင်္ဘောပေါ်ပါတဲ့ လူ ၁၈၅ ဦးကို အရေးပေါ်ကယ်တင်ကြဖို့ ကုလသမဂ္ဂက စနေနေ့က တိုက်တွန်းတောင်းဆိုထားပါတယ်။ အဲဒီအထဲ ၇၀ လောက်ဟာ ကလေးငယ်တွေဖြစ်ပြီး ၈၈ ဦးက အမျိုးသမီးတွေဖြစ်တယ်လို့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလမဟာမင်းကြီးရုံး ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

သင်္ဘောပေါ်ပါတဲ့ လူ ၁၀ ဦးထက်မနည်းဟာ အတော်လေးစိုးရိမ်ရတဲ့အနေအထားမှာရှိပြီး တခြားသတင်းတခုမှာတော့ သေဆုံးကုန်ပြီလို့ သိရတဲ့အကြောင်းလည်း ကုလ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ သူတို့ကို အနီးအနား ဘေးကင်းလုံခြုံရာမှာ ကမ်းကပ်ခွင့်ပေးပြီး အချိန်မီ မကယ်ဘူးဆိုရင် ပင်လယ်ကမ်းရိုးတန်းတလျှောက်မှာရှိကြတဲ့ နိုင်ငံအအတော်များများ စောင့်ကြည့်မှုအောက်မှာပဲ နောက်ထပ် အတော်များများ သေဆုံးနိုင်ခြေရှိတယ်လို့လည်း ကုလသမဂ္ဂက သတိပေးပါတယ်။

သင်္ဘောပေါ်ပါလာသူတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ကြီးပြီး သူတို့ကို အမြန်ဆုံးကယ်တင်ကြဖို့ ကမ်းရိုးတန်းအာဏာပိုင်တွေကို မေတ္တာရပ်ခံထားတယ်လို့ UNHCR ပြောခွင့်ရသူ Babar Baloch က AFP သတင်းဌာနကို ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုခံကြရတဲ့ မွတ်ဆလင်ရိုဟင်ဂျာအများအပြားဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဒုက္ခသည်စခန်းတွေကတဆင့် မလေးရှားနဲ့ အင်ဒိုနီးရှားကို ရေကြောင်းခရီးကနေ ထွက်ပြေးကြဖို့ နှစ်စဉ်ကြိုးပမ်းလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် လူပေါင်း ၅၇၀ ကျော်ဟာ ဒေသတွင်းပင်လယ်ပြင်ထဲ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ကြတယ်လို့ ကုလ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG