သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကြောင့် Australia-New Zealand လေယာဉ်လမ်းကြောင်းတချို့ပြောင်းခဲ့ရ


သြစတြေးလျနိုင်ငံ၊ ဆစ်ဒနေလေဆိပ်မှာ ဆိုက်ရောက်လာတဲ့ နယူးဇီလန်လေယာဥ်တစင်း မှတ်တမ်းဓာတ်ပုံ။
သြစတြေးလျနိုင်ငံ၊ ဆစ်ဒနေလေဆိပ်မှာ ဆိုက်ရောက်လာတဲ့ နယူးဇီလန်လေယာဥ်တစင်း မှတ်တမ်းဓာတ်ပုံ။

Australia နိုင်ငံ အရှေ့တောင်ပိုင်း ရေပိုင်နက်လွန်မှာ တရုတ်ရေတပ်သင်္ဘောတွေ ကျည်အစစ်သုံး လေ့ကျင့်မှုတွေလုပ်နိုင်တယ်ဆိုတဲ့သတိပေးမှုကြောင့် လေကြောင်းလိုင်းတချို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြပါတယ်။

Australia အထူးစီးပွားရေးဇုံအပြင်ဘက် ကမ်းလွန်ရေမိုင် (၂၀၀_ လောက်အကွာ Tasman ပင်လယ် ထဲမှာ တရုတ်စစ်သင်္ဘော (၃) စီး စစ်ရေးလေ့ကျင့်နေပြီး ကျည်အစစ်တွေသုံးနိုင်တယ်လို့ Australia ကိုလှမ်းအကြောင်းကြားခဲ့တယ်လို့ ဝန်ကြီးချုပ် Anthony Albanese က ဒီနေ့ သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် Australia အရှေ့ဘက်ကမ်းဒေသနဲ့ New Zealand နိုင်ငံကြား ပျံသန်းတဲ့ လေကြောင်းလိုင်းတွေကို သတိပေးခဲ့တာကြောင့် လေကြောင်းလိုင်းတချို့ လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြပါတယ်။

သတိပေးချိန်ကုန်ဆုံးသွားပြီးဖြစ်ပေမဲ့ တရုတ်က ကျည်အစစ်တွေသုံး လေ့ကျင့်ခဲ့သလားဆိုတာ ကာကွယ်ရေးဌာနကလည်း မသိရသေးဘူးလို့ ဝန်ကြီးချုပ် Albanese ကပြောခဲ့ပါတယ်။ သတိပေးမှုကြောင့် Air New Zealand၊ Virgin, Qantas နဲ့ Emirates လေကြောင်းလိုင်းတွေက Sydney မြို့ကနေ New Zealand သွားတဲ့ လေယာဉ်ခရီးတွေကို လမ်းကြောင်းပြောင်း ပျံသန်းခဲ့ကြတယ်လို့ ပြောခဲ့ကြပါတယ်။ Virgin Australia ကလည်း တာဝန်ရှိသူတွေ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ G20 နိုင်ငံခြားရေးဝန်ကြီးမှာ စည်းဝေးပွဲမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ Australia နိုင်ငံခြားရေးဝန်ကြီး Penny Wong တွေ့ဆုံတဲ့အခါ ဒီကိစ္စကို သံတမန် ရေးနည်းလမ်းနဲ့ ဆွေးနွေးလိမ့်မယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တရုတ်ကြောင့် Australia- New Zealand လေယာဉ်လမ်းကြောင်းတချို့ပြောင်းခဲ့ရ
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG