သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်နိုင်ငံရဲ့ ဖိအားပေးတဲ့လုပ်ရပ်အပေါ် ကန်သတိပေး


တောင်တရုတ်ပင်လယ်ပြင်အတွင်း စကားဘိုရိုကျွန်းစုတွေအထက် ဖိလစ်ပိုင်ကမ်းခြေစောင့်လေယာဥ်ဘေးမှာ တရုတ်ရေတပ်ရဟတ်ယာဥ် (ဝဲ) က အနီးကပ်ပျံသန်းနေခဲ့စဥ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း စကားဘိုရိုကျွန်းစုတွေအထက် ဖိလစ်ပိုင်ကမ်းခြေစောင့်လေယာဥ်ဘေးမှာ တရုတ်ရေတပ်ရဟတ်ယာဥ် (ဝဲ) က အနီးကပ်ပျံသန်းနေခဲ့စဥ်။

အငြင်းပွားနေတဲ့တောင်တရုတ်ပင်လယ်ပြင်အတွင်း ပြီးခဲ့တဲ့နေ့က ကင်းလှည့်နေတဲ့ဖိလစ်ပိုင် လေယာဉ်အနီး တရုတ်ရေတပ်ရဟတ်ယာဉ်တစင်း အန္တရယ်ဖြစ်လောက်အောင် အနီးကပ် ပျံသန်းခဲ့တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အငြင်းပွားနေတဲ့ ရေပိုင်နက်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နေနဲ့ အတင်းအကြပ် ဖိအားပေးတာမျိုး မလုပ်ဖို့နဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ ငြိမ်းချမ်းစွာဖြေရှင်းဖို့ ဖိလစ်ပိုင်ဆိုင်ရာ အမေရိကန်သံ အမတ်ကြီး MaryKay Carlson က သူ့ရဲ့ X လူမှုကွန်ယက်မှာရေးတိုက်တွန်းထားပါတယ်။

Scarborough shoal ကျွန်းတွေအနီး ကင်းလှည့်နေတဲ့ဖိလစ်ပိုင်လေယာဉ်အနီး တရုတ်ရေတပ် ရဟတ်ယာဉ်က အန္တရာယ်ရှိလောက်အောင် အနီးကပ်ပျံသန်းခဲ့ပြီး ဒါဟာ မဆင်မခြင်လုပ်တဲ့ လုပ်ရပ် တခုဖြစ်တယ်လို့ အင်္ဂါနေ့ညနေပိုင်းတုန်းက ဖိလစ်ပိုင်တာဝန်ရှိသူတွေက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။

တရုတ်ကတော့ ဒီအပေါ်ငြင်းချက်ထုတ်လိုက်ပြီး အင်္ဂါနေ့တုန်းက ဖိလစ်ပိုင်လေယဉ်ဟာ တရုတ် လေပိုင်နက်ထဲ တရားမဝင်,ဝင်ရောက်ခဲ့တာသာဖြစ်ပြီး ဖိလစ်ပိုင်ဘက်က မဟုတ်မမှန် ပြောဆိုတာသာ ဖြစ်တယ်လို့စွပ်စွဲထားပါတယ်။Scarborough shoal ကျွန်းတွေဟာ ဖိလစ်ပိုင်ကမ်းခြေကနေ ရေပိုင် ၁၂၀ ကျော်လောက်သာဝေးပေမဲ့ တောင်ရုတ်ပင်လယ်ပြင်တခုလုံးနီးပါးကို တရုတ်က သူပိုင်လို့ ကြွေးကြော်နေတဲ့အတွက် ဖိလစ်ပိုင်အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့အငြင်းပွားနေတာပါ။

တောင်တရုတ်ပင်လယ်ပြင်အများစုကိုသူပိုင်လို့တရုတ်ရဲ့ပြောဆိုချက်ဟာ တရားမဝင်ဘူးလို့ ကုလသမဂ္ဂက ၂၀၁၆ ခုနှစ်တုန်းကဆုံးဖြတ်ခဲ့ပေမယ့် တရုတ်ကတော့လက်ခံလိုက်နာခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG