သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်ပြင် ဖိလစ်ပိုင်သင်္ဘောများလုံခြုံရေးကူညီဖို့ ကန်စစ်တပ်အသင့်ရှိ

အင်ဒို ပစိဖိတ် စစ်ဌာနချုပ်အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Samuel Paparo နဲ့ ဖိလစ်ပိုင်လက်နက်ကိုင်တပ်များဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner Jr နဲ့ မနီလာမြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ (သြဂုတ် ၂၇၊ ၂၀၂၄)
အင်ဒို ပစိဖိတ် စစ်ဌာနချုပ်အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Samuel Paparo နဲ့ ဖိလစ်ပိုင်လက်နက်ကိုင်တပ်များဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner Jr နဲ့ မနီလာမြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲ (သြဂုတ် ၂၇၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်သင်္ဘောတွေကို စောင့်ရှောက်လိုက်ပါပေးဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီးတိုင်ပင်လာမယ်ဆိုရင် တံခါးဖွင့်ထားပါတယ်လို့ အမေရိကန်ရေတပ်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။ ဖိလစ်ပိုင်လက်နက်ကိုင်တပ်များဦးစီးချုပ် ဗိုလ်ချုပ်ကြီး Romeo Brawner Jr နဲ့ မနီလာမြို့တော်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးက မေးခွန်းကို ခုလို ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ဖိလစ်ပိုင်ကြား အချင်းများတာတိုးလာနေချိန်မှာ အင်ဒို ပစိဖိတ် စစ်ဌာနချုပ်အမေရိကန်ရေတပ် ဗိုလ်ချုပ်ကြီး Samuel Paparo က ခုလို ပြောလိုက်တာပါ။ အဲဒီလို ပင်လယ်ပြင် ထိပ်တိုက်တွေ့တာတွေရှိလာတဲ့အခါ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ချုပ်ဆိုထားတဲ့ စစ်ရေးမဟာမိတ်စာချုပ်အရ ဖိလစ်ပိုင်က တောင်းဆိုသင့်မသင့် ဆိုတဲ့ အကြောင်းရပ်က ဆွေးနွေးစရာ ဖြစ်လာနေပါတယ်။

ဖိလစ်ပိုင်ဥပဒေအရ ဖိလစ်ပိုင်စစ်တပ်ဟာ ပထမဆုံးကိုယ့်ကိုယ်ကိုယ် အားကိုးရေး ဖြစ်ပါတယ်လို့ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီး Brawner ကတော့ ပြောပါတယ်။ နိုင်ငံတကာ စစ်ရေးညီလာခံတရပ်အပြီးမှာ ခုလို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ညီလာခံကို အင်ဒို ပစိဖိတ် အမေရိကန်စစ်ဌာနချုပ်က ကမကထပြုကျင်းပခဲ့ပြီး မဟာမိတ် တိုင်းပြည်တွေက စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

This item is part of

Forum

​
XS
SM
MD
LG