သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္-ဖိလစ္ပိုင္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည္


၂၀၁၂ခုႏွစ္က ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေျမာက္ပိုင္း ဖိလစ္ပိုင္စစ္အေျခစိုက္စခန္းတခုအတြင္း စစ္ေရးေလ့က်င့္ေနတဲ့ အေမရိကန္စစ္သားမ်ား (ဧၿပီ ၂၁၊ ၂၀၁၂)

ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဆက္ဆံေရး တင္းမာမႈတိုးေနခ်ိန္မွာပဲ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း အႀကီးဆံုး ပူးတြဲစစ္ေရးေလ့က်င့္မႈကို အေမရိကန္နဲ႔ ဖိလစ္ပိုင္စစ္တပ္တို႔ ဒီႏွစ္တြင္းမွာ လုပ္ေဆာင္မွာျဖစ္ေၾကာင္း ဖိလစ္ပိုင္စစ္ဘက္အရာရွိတေယာက္က ေျပာပါတယ္။

ဒါက ဖိလစ္ပိုင္သမၼတ Ferdinand Marcos Jr လက္ထက္ အေမရိကန္နဲ႔ ဆက္ဆံေရးေကာင္းမြန္လာတဲ့ သေကၤတလည္း ျဖစ္ပါတယ္။ ဒီလအေစာပိုင္းတုန္းက ဖိလစ္ပိုင္သေဘၤာတစီးကို စစ္ေျမျပင္သံုး ေလဆာနဲ႔ တိုက္ခိုက္တာအပါအ၀င္ ေတာင္တ႐ုတ္ပင္လယ္ကိစၥနဲ႕ပတ္သက္ၿပီး တ႐ုတ္အေပၚ ဖိလစ္ပိုင္က ႐ႈတ္ခ်ေနတာပါ။

ႏွစ္စဥ္က်င္းပေနက် Balikatan စစ္ေရးေလ့က်င့္မႈကို ဒီႏွစ္ေႏွာင္းပိုင္းမွာ က်င္းပမွာ ျဖစ္ၿပီး အရင္ႏွစ္တုန္းကပါ၀င္ခဲ့တဲ့ တပ္သား အေယာက္ ၈,၉၀၀ ေက်ာ္ ပါ၀င္မွာ ျဖစ္ေၾကာင္း စစ္ဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး Romeo Brawner က ေျပာပါတယ္။ အနာဂတ္မွာ ၾကံဳႏိုင္တဲ့ သဘာ၀ေဘးနဲ႔ စစ္ေဘးအႏၲရာယ္မ်ိဳးစံုကို တုန္႔ျပန္ႏိုင္မယ့္ ေလ့က်င့္ခန္းေတြ လုပ္သြားမွာ ျဖစ္ေၾကာင္းလည္း သူက ေျပာပါတယ္။

တ႐ုတ္က သူ႔ပိုင္နက္အျဖစ္ သတ္မွတ္ထားတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္ရဲ႕ သြားလာမႈ ခပ္စိတ္စိတ္ ေတြ႕ေနရတဲ့အေပၚ အင္မတန္စိုးရိမ္ေၾကာင္း ဖိလစ္ပိုင္သမၼတ Marcos က တ႐ုတ္သံအမတ္ကို အဂၤါေန႔က ဆင့္ေခၚေျပာဆိုခဲ့ပါတယ္။

အေမရိကန္ကေတာ့ မိတ္ဖက္ ဖိလစ္ပိုင္ရဲ႕ စစ္တပ္နဲ႔ ကမ္းေျခေစာင့္တပ္ေတြရဲ႕ ကာကြယ္ႏိုင္စြမ္း ျပည့္၀ေအာင္ ႏွစ္ဆတိုး အားျဖည့္သြားမွာျဖစ္ေၾကာင္း အေမရိကန္ပင္တဂြန္စစ္ဌာနခ်ဳပ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ Patrick Ryder က Twitter က တဆင့္ေျပာဆိုခဲ့ပါတယ္။ ၂၀၁၅ တုန္းက ပူးတြဲစစ္ေရးေလ့က်င့္မႈမွာေတာ့ ၂ႏိုင္ငံလံုးက တပ္သား ေသာင္းတေထာင္ေက်ာ္ ပါ၀င္ခဲ့ပါတယ္။

ကန္-ဖိလစ္ပိုင္ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မည္
please wait

No media source currently available

0:00 0:00:49 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

ကန်-ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတိုးနေချိန်မှာပဲ ၂၀၁၅ ခုနှစ်နောက်ပိုင်း အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့ ဖိလစ်ပိုင်စစ်တပ်တို့ ဒီနှစ်တွင်းမှာ လုပ်ဆောင်မှာဖြစ်ကြောင်း ဖိလစ်ပိုင်စစ်ဘက်အရာရှိတယောက်က ပြောပါတယ်။

ဒါက ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr လက်ထက် အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လာတဲ့ သင်္ကေတလည်း ဖြစ်ပါတယ်။ ဒီလအစောပိုင်းတုန်းက ဖိလစ်ပိုင်သင်္ဘောတစီးကို စစ်မြေပြင်သုံး လေဆာနဲ့ တိုက်ခိုက်တာအပါအဝင် တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်အပေါ် ဖိလစ်ပိုင်က ရှုတ်ချနေတာပါ။

နှစ်စဉ်ကျင်းပနေကျ Balikatan စစ်ရေးလေ့ကျင့်မှုကို ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပမှာ ဖြစ်ပြီး အရင်နှစ်တုန်းကပါဝင်ခဲ့တဲ့ တပ်သား အယောက် ၈,၉၀၀ ကျော် ပါဝင်မှာ ဖြစ်ကြောင်း စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Romeo Brawner က ပြောပါတယ်။ အနာဂတ်မှာ ကြုံနိုင်တဲ့ သဘာဝဘေးနဲ့ စစ်ဘေးအန္တရာယ်မျိုးစုံကို တုန့်ပြန်နိုင်မယ့် လေ့ကျင့်ခန်းတွေ လုပ်သွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

တရုတ်က သူ့ပိုင်နက်အဖြစ် သတ်မှတ်ထားတဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ သွားလာမှု ခပ်စိတ်စိတ် တွေ့နေရတဲ့အပေါ် အင်မတန်စိုးရိမ်ကြောင်း ဖိလစ်ပိုင်သမ္မတ Marcos က တရုတ်သံအမတ်ကို အင်္ဂါနေ့က ဆင့်ခေါ်ပြောဆိုခဲ့ပါတယ်။

အမေရိကန်ကတော့ မိတ်ဖက် ဖိလစ်ပိုင်ရဲ့ စစ်တပ်နဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ ကာကွယ်နိုင်စွမ်း ပြည့်ဝအောင် နှစ်ဆတိုး အားဖြည့်သွားမှာဖြစ်ကြောင်း အမေရိကန်ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Patrick Ryder က Twitter က တဆင့်ပြောဆိုခဲ့ပါတယ်။ ၂၀၁၅ တုန်းက ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာတော့ ၂နိုင်ငံလုံးက တပ်သား သောင်းတထောင်ကျော် ပါဝင်ခဲ့ပါတယ်။

XS
SM
MD
LG