သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကပစ်ချခဲ့တဲ့ အရာတ္ထု ၃ ခုရဲ့ မူလဇစ်မြစ်ကို မသိရသေး


 အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby
 အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby

[[Zawgyi/Unicode]]

အမေရိကန်ကပစ်ချခဲ့တဲ့ အမျိုးအစားအတိအကျမသိရတဲ့ အရာဝတ္ထု ၃ ခုဟာ တရုတ်ရဲ့ မိုးပျံပူဖေါင်းလို ထောက်လှမ်းရေးလုပ်ဖို့ရည်ရွယ်တဲ့ အထောက်အထားမျိုးမရှိကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က တနင်္လနေ့မှာ ပြောပါတယ်။

ပစ်ချခဲ့တဲ့အရာဝတ္ထု ၃ ခုဟာ ထောက်လှမ်းရေးလုပ်တဲ့အထောက်အထားမျိုးမရှိပေမဲ့ အပြတ်ပြောလို့တော့မရဘူးလို့ အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ John Kirby က တနင်္လာနေ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြောက်အမေရိကဝေဟင်မှာ ပျံသန်းနေခဲ့တဲ့အရာဝတ္ထု ၃ ခုကို အမေရိကန်ဘက်က အထူးသတိထားပြီး ပစ်ချခဲ့တာဖြစ်တယ်လို့လည်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရက ထပ်လောင်းပြောပါတယ်။

Huron ရေကန်ကြီး ပေါ်မှာ တနင်္ဂနွေနေ့က ပျံသန်းနေတဲ့ အရာဝတ္ထု တခုအပါအဝင် အရာဝတ္ထု ၃ ခုဟာ အနိမ့်ပျံသန်းလာတာကြောင့် အရပ်ဘက်လေကြောင်းပျံသန်းမှုမှာ အန္တရာယ်ရှိတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီရက်ပိုင်းတွေအတွင်း အမေရိကန်ကပစ်ချခဲ့တဲ့ အရာဝတ္ထု ၃ ခုရဲ့ ဇစ်မြစ်နဲ့ရည်ရွယ်ချက်ကိုတော့မသိရပေမဲ့လည်း ထောက်လှမ်းရေးလုပ်တယ်လို့ အမေရိကန်ကယူဆတဲ့ တရုတ်မိုးပျံပူဖေါင်းကြီးတွေ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ရိုလိုင်းနားကမ်းလွန်မှာ တိုက်လေယာဉ်တွေနဲ့ ပစ်ချခဲ့ရပြီးနောက်မှာ ဒီအရာဝတ္ထုတွေကို အမေရိကန် အမျိုးသားလုံခြုံရေးတာဝန်ရှိသူတွေ စိုးရိမ်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

အမရေိကနျကပဈခခြဲ့တဲ့ အရာတ်ထု ၃ ခုရဲ့ မူလဇဈမွဈကို မသိရသေး





XS
SM
MD
LG